ကလေးငယ်ငယ်လေးတွေ ၊ သားသားမီးမီး လေးတွေကို မျက်စိဒေါက်ထောက် လိုက်ကြည့်ပြီး စိတ်ပူနေရတဲ့ ဖေဖေ ၊ မေမေ တွေရှိရင် လက်ထောင်

ကလေးလေးတွေဟာ ငယ်ရွယ်တုန်း ၊ ဖျားတယ်ဆိုတာ အထူးဆန်းမဟုတ်သလောက်ပါပဲ။ ဒါပေမယ့် သာမာန်ဖျားတာ တစ်ခု တည်းမဟုတ်ဘဲနဲ့ အခြားစိတ်ပူစရာတွေကြုံလာရတတ်ပါတယ်။

အဲ့ဒါတွေကတော့ ကလေးကတော်ရုံနဲ့အဖျားမကျဘူး ၊ ပြီးတော့ အရမ်းမှိန်းနေတယ်။

ကလေးက တစ်ကိုယ်လုံး ယားနာဖုတွေ ထွက်လာတယ်။
(ဟိုတစ်လောကဘဲ ကလေးကို ကာကွယ်ဆေးထိုးပေးထားသေးတယ် ၊ကာကွယ်ဆေးကြောင့် ဖြစ်တာလား?)

အိမ်ကအငယ်ကောင်လေးက ကောင်းကောင်းမဖွံ့ဖြိုးဘူး ၊ စကားလည်း မပြောသလောက်ဘဲ ၊ ပုံမုန်ရော ဟုတ်ရဲ့လား?

ကလေးကချောင်းတွေလည်း ခဏ ခဏဆိုးတယ် ၊ အသက်ရှုလိုက်ရင်လည်း တရွီရွှီမြည်နေတယ်။

ကလေးတစ်ကိုယ်လုံးအနီစက် တွေထွက်နေတယ်။
(ရေကျောက်လား၊ဝက်သတ်လားသိချင်တယ်)

ကလေးကသာမာန်ထက်ပိုပြီးဆော့နေတယ် ၊ အိမ်မှာရော ကျောင်းမှာရော လုံးဝအငြိမ်မနေဘူး
(တစ်ခုခုကို အာရုံမစိုက် နိုင်ဘူး)

သားလေးက အသီးအရွက်ဆို လုံးဝမစားဘူး ၊ ကလေးအတွက် ဘာဆိုးကျိုးရှိလာနိုင်လဲ?

သမီးလေးက လမ်းထဲက ခွေးတစ်ကောင် ကိုက်တာခံရတယ် ၊ ဆေးရုံသွားပြီး ဆေးထိုးရမှာလဲကြောက်နေတယ်။
(ခွေးရူးကာကွယ်ဆေးထိုးသင့်၊မသင့်)

en_US