ကလေးငယ်တွေ ဖျားပြီ ဆိုရင်……
ပထမဆုံး လုပ်သင့်တဲ့ အချက်ကတော့ သေသေချာချာ တိကျတဲ့ ရောဂါ အချက်အလက် ရှာဖွေခြင်းပဲ ဖြစ်ပါတယ် ။
လိုအပ်လျှင် လိုအပ်သလို သွေးစစ်ခြင်း ဆီးစစ်ခြင်း ဓာတ်မှန်ရိုက်ခြင်းတို့ ကို ပြုလုပ်သင့်ပေမယ့် တော်ရုံတန်ရုံ အဖျားအများစုကတော့ ဒါတွေ မလိုအပ်ပါဘူး ။
အဖျားကပြင်းထန်ပြီး ရက်ကြာနေမယ်ဆိုရင်တော့ ၊ ဖြစ်တဲ့ အကြောင်းအရာကို အလွယ်တကူ ရှာမရဘူးဆိုရင်တော့ ဓာတ်ခွဲစမ်းသပ်မှု ဓာတ်မှန်စမ်းသပ်မှု တို့ အာလ်ထရာ ဆောင်းရိုက်တာတို့ရဲ့ အကူအညီယူသင့်ပါတယ် ။
ဖျားလာပြီ ဆိုတာနဲ့ သတိထားကြည့်သင့်တဲ့ အရာတွေ ကတော့ ဖျားတာ ဘယ်နှရက်ရှိပြီလဲ ၊ ကိုယ်အရမ်းပူလား ငွေ့ငွေ့လေးပဲလား ၊ အရမ်းမှိန်းသလား ၊ အန်သလား ၊ တက်သလား ပြီးတော့ အခြားရောဂါ ကိုပြတဲ့ လက္ခဏာတွေ ဥပမာ ချောင်းဆိုး နှာစေးလား ၊ ဝမ်းသွားလား ၊ ဆီးကျင်လား ၊ လည်ချောင်းနာလား စတာတွေကို သတိထားကြည့်သင့်ပါတယ် ။
crd (ပါမောက္ခ ဆရာဒေါက်တာ ဦးစောဝင်း)
သားသားမီးမီးတို့ ဖျားနားခြင်း လွယ်လွယ် ကူကူ မဖြစ်အောင် ကိုယ်ခံအားကောင်းဖို့ လိုအပ်ပါတယ်။
ကိုယ်ခံအား အမြဲကောင်းနေစေဖို့ ….
- ကလေးကို ဘယ်လိုတွေ ဝတ်ဆင်ပေးသင့်လည်း?
- ကလေးရဲ့ အသက်အလိုက် မျှတတဲ့ ကိုယ်အလေးချိန် နဲ့ အရပ် ရှိလား?
- ကလေး ရဲ့ နေထိုင်စားသောက်မှု ပုံစံ တွေရော မှန်ကန် ရဲ့ လား?
- မျှတတဲ့ ကိုယ်လက်လှုပ် ရှားမှုတွေရော ရှိရဲ့လား?
- အာဟာရ တန်ဖိုး ပြည့်ဝပြီး ကျန်းမာစေတဲ့ အစားအသောက် တွေကို ဘယ်လို့ရွေးချယ်သင့်လဲ?