ကလေးငယ်အများစုသည် ရာသီဥတု အပြောင်းအလဲများတွင် ဖျားနာလေ့ရှိကြပါတယ်။

Seasonal influenza ခေါ် ရာသီတုပ်ကွေး သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်ခု ဖြစ်ပြီးတော့ အသက်ရှူလမ်းကြောင်းက နေ တစ်ဆင့်ဘဲ ကူးစက်တတ်ပါတယ်။

ရာသီတုပ်ကွေးဖြစ်ကြောင်း သိသာနိုင်တဲ့ ရောဂါ လက္ခဏာများကတော့-

  • ဖျားခြင်း
  • နှာရည်ယို ၊ နှာချေခြင်းကို တွေ့ရခြင်း
  • လည်ချောင်းနာခြင်း ၊ အာသီးယောင်ခြင်း
  • ကိုယ်တွေ လက်တွေ ကိုက်ခဲနေခြင်း
  • ချောင်းဆိုးခြင်း ၊ အသက်ရှူမဝခြင်း
  • အစားအသောက်ပျက်ခြင်း စသည့် လက္ခဏာ တို့ကို တွေ့ရတတ်ပါတယ်။

ရာသီတုပ်ကွေးက မိုးတွင်း တွင်သော်လည်းကောင်း ၊ ဆောင်းဦးကျ ကာလများတွင်သော်လည်းကောင်း အဖြစ်များပါတယ်။

ကူးစက်နိုင်တဲ့ နည်းလမ်းများက လည်း အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်ပြီးတော့ ရောဂါဖြစ်သူဧ။် အသုံးအဆောင် ပစ္စည်းများကို ကိုယ်တွယ်ခြင်းဖြင့်လည်း ကူးစက်နိုင်ပါတယ်။

ကလေးငယ်လေးများ ရာသီတုပ်ကွေး မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ?
  • အပြင်မှ ပြန်ရောက်လျှင် (အထူးသဖြင့် လူနေထူထပ်သော နေရာများမှ ပြန်ရောက်လျှင်) လက်ကို ဆပ်ပြာ ဖြင့် စင်ကြယ်စွာ ဆေးကြောပေးဖို့ လိုပါတယ်။
  • နှာချေ ၊ ချောင်းဆိုးခြင်း ကို ကာကွယ်နိုင်ရန် အတွက်လည်း မျက်နှာဖုံး များကို တပ်ဆင်ပေးထားဖို့လိုပါတယ်။
  • အာဟာရ ပြည့်ဝတဲ့ အစားအသောက် များကို စားသုံးဖို့လိုပြီးတော့ ကောင်းမွန်စွာ အိပ်စက်အနားယူရန် လည်း လိုအပ်ပါတယ်။

Dr. Karla Whitrock

Medical Education

The Second Class Honors, M.D.,Faculty of Medicine, Chiang Mai University, 2000.

Specialty

en_US