(+95)979 811 5566 info@myancare.org

ဘယ်အသက်အရွယ်မှာဖြစ်နိုင်သလဲ?

နို့စို့ အရွယ်ကလေးငယ်အများစုဟာ နို့စို့ ပြီးတိုင်း ပမာဏနည်းနည်းစီပြန်အန်ထွက်တတ်ကြပါတယ်။ နို့ရည်ချိုးလဲခေါ်လေ့ရှိကြတယ်။ ကောင်းကောင်းထိုင်နိုင်တဲ့ ၆လ ၇လ အရွယ်လောက်မှာတော့သက်သာသွားတတ်ပါတယ်။

  • Facebook
  • LinkedIn

ဘာကြောင့် ဖြစ်ရလဲ?

မိခင် နို့စို့ ချိန် ၊နို့ဘူးစို့ ချိန်တွေမှာ နို့နဲ့ အတူ လေတွေကိုပါ ကလေးတွေကမျိုချမိတတ်ပါတယ်။ နို့ဘူးစို့တဲ့ကလေးမှာဆိုရင်ပိုဖြစ်တတ်ပါတယ်။ လေတွေက ဗိုက်ထဲကိုရောပါသွားပေမဲ့ လေရဲ့သဘောအရ အရည်တွေကြားထဲကနေအပေါ်ကိုပေါ့ ပြီးပြန်တက်လာပါတယ် အဲ့လိုပြန်တက်လာတဲ့လေတွေနဲ့ အတူ နို့ အချို့လဲပြန်ထွက်လာတာပါ။

ကလေးရဲ့ပါးစပ်အပြင် နှာခေါင်းထဲကလဲထွက်လာတာမျိုးရှိနိင်ပါတယ် ။ ဘာလို့လဲဆိုတော့ လူကြီးတွေလိုပဲ နှာခေါင်းဟာ လည်ချောင်း၊အာခေါင်တို့နဲ့ တဆက်တည်းတည်ရှိနေလို့ပါ။
တချို့ကလေးငယ်တွေမှာတော့ နို့စို့ တဲ့ပမာဏများသွားတာကြောင့်လဲ အပေါ်ပြန်အန်ထွက်လာတာမျိုးဖြစ်နိုင်ပါတယ် ။

ဒီအရွယ်ကလေးတွေမှာ ဝင်လာတဲ့အစာကိုခွင့်ပြုပေးပြီး အထဲကအစာတွေပြန်မထွက်အောင်တားပေးမယ့် အစာရေမျိုအောက်ပိုင်းနားမှာရှိတဲ့ကြွက်သားလေးတွေက အပြည့်အဝမဖွံဖြိုးသေးတာကြောင့်လည်းဖြစ်ပါတယ် ။

  • Facebook
  • LinkedIn

ဒီလိုမျိုး မဖြစ်အောင် ဘာတွေသိထားရမလဲ?
မှန်ကန်တဲ့မိခင်နို့တိုက်နည်း တွေအတိုင်းတိုက်ပေးပါ။
နို့ဘူးတိုက်တဲ့ကလေးကိုလည်း ပက်လက်အနေအထား၊ခွေခေါက်နေတဲ့အနေအထားတွေမဖြစ်စေပဲ အနည်းငယ်ထောင်မတ်တဲ့ အနေအထားလေးနဲ့ တိုက်ပေးပါ။ ဆူညံသံတွေများနေတာမျိုးအာရုံများစရာတွေရှိနေတဲ့ပတ်ဝန်းကျင်မျိုးမှာတတ်နိုင်ရင်နို့တိုက်တာကိုမလုပ်တာကောင်းပါတယ်။

စိတ်လှုပ်ရှားစရာ အာရုံများစရာတွေတွေ့ရင်ကလေးတွေကနို့ နဲ့အတူ လေတွေကိုပိုများများမျိုချမိတတ်ကြလို့ ပါ။ တကယ်လို့ နို့ဘူးတိုက်ရတဲ့ကလေးတွေဆိုရင်တော့ အသက်အရွယ်နဲ့ လိုက်တဲ့ နို့သီးခေါင်းလေးတွေကိုရွေးချယ်ပေးပါ။

နို့သီးခေါင်းမှာပါတဲ့အပေါက်လေးတွေက ကလေးစို့ နိုင်တဲ့ပမာဏထက်နည်းနေခဲ့ရင်ကလေးလိုသလောက်နို့ကိုမစုပ်နိုင်ပဲလေတွေပိုများများဝင်သွားနိုင်ပါတယ်။ ဒီလိုဆိုရင် အန်တာပိုဖြစ်နို်င်တာပေါ့ ။ တကယ်လို့အပေါက်တွေသိပ်များပြီးကလေးစို့နိုင်တာထက်ပိုများများထွက်နေခဲ့ရင်လည်း နို့တွေလျှံကျတာ သီးတာမျိုးဖြစ်စေနိုင်တာမို့ အသက်အလိုက်စနစ်တကျရွေးချယ်ပါ။

ကလေးကိုလေထုတ်ပေးပါ။
နို့စို့ နေရင်းကလေးနားနေတဲ့အချိန်မျိုးမှာလေထုတ်ပေးပါ။ ကလေးရဲ့ အဝတ်အစား Diaper စတာတွေကို ချောင်ချောင်ချိချိဖြစ်နေပါစေ။

နို့တိုက်ပြီးချိန်မှာကလေးကို အနည်းဆုံးနာရီဝက်လောက် ထောင်မတ်တဲ့အနေအထားလေးနဲ့ ထားပေးပါ။ အရမ်းချော့မြူတာ၊ဝှေ့ယမ်းတာတွေမလုပ်ပါနဲ့ ။ နို့တိုက်ပြီးပြီးချင်းဖြစ်နိုင်ရင်ကားမစီးစေတာပိုကောင်းပါတယ်။ ကလေးကိုတစ်ခါတည်းပမာဏအများကြီးတိုက်တာထက် အသင့်အတင့် နှင့် အကြိမ်ရေပိုများများတိုက်ပေးသင့်ပါတယ်။ အိပ်နေစဉ်ပြန်အန်ထွက်လျှင် ဘေးတဘက်သို့ အသာအယာစောင်းပေးပါ။

  • Facebook
  • LinkedIn

လေဘယ်လိုထုတ်ရမလဲ?
ကလေးရဲ့ မေးစေ့လေးကို ကိုယ့်ပခုံးပေါ်မှာထားတဲ့အနေအထားမျိုးနဲ့ အသာအယာချီထားပါ။ ကလေး သက်တောင့်သက်သာနဲ့ အသက်ရှုနိုင်တဲ့အနေအထားလေးဖြစ်ပါစေ။ ကလေးရဲ့ ကျောလေးကိုအသာအယာပွတ်ပေးခြင်း၊ ပုတ်ပေးခြင်းတို့ ပြုလုပ်ပါ။

ကလေးကိုယ်လုံးကို အပေါ်ကိုအနည်းငယ်ထပ်မြှင့်ပြီးချီလိုက်ပါ ။ ကလေးရဲ့ ရင်ခေါင်းနေရာလောက်က သင့်ပုခုံးပေါ်မှာရှိနေပါလိမ့်မယ် ဒီပုံစံလေးကလည်း လေတွေထွက်စေဖို့ အထောက်အကူပြုပါတယ် ။ ကျောလေးကိုအသာအယာပွတ်ပေး၊ပုတ်ပေးဖို့ မမေ့ပါနဲ့ ။
ကလေးကိုထိုင်ရက်အနေအထားနဲ့ လဲလေထုတ်နိင်ပါတယ် ။ သင့်ပေါင်ပေါ်မှာထိုင်နေပါစေ။ သင့်လက်တစ်ဘက်နဲ့ ကလေးရဲ့ မျက်နှာ မေးစေ့ တို့ကို ညင်ညင်သာသာထိန်းထားပေးပါ။

ကျန်လက်တစ်ဘက်နဲ့ ကျောလေးကို ပွတ်ပေး၊ပုတ်ပေးပါ။ နောက်တစ်ခုကမှောက်ရက်အိပ်တဲ့အနေအထားလေးနဲ့ ထုတ်ပေးတာပါ။ သင့်ပေါင်ပေါ်မှာ ကလေးကို မှောက်ရက်လေးအိပ်နေပါစေ။ ကလေးရဲ့ မျက်နှာ မေးစေ့လေးတွေကို လက်တစ်ဘက်နဲ့ ညင်ညင်သာသာထိန်းထားပေးပါ။ ကျန်လက်တစ်ဘက်နဲ. ကျောလေးကို ပွတ်ပေး၊ပုတ်ပေးပါ ။

ဒီပုံစံတွေကို တစ်မျိုးပြီးတစ်မျိုးပြောင်းပြီးတော့ လေထုတ်ပေးဖို့ ကြိုးစားလို့ ရပါတယ်။ တကယ်လို့ သင်သေချာလေထုတ်ပေးပေမယ့် လေမတက်လာလျှင်လည်း စိတ်မပူပါနဲ့ ။ ကလေးကို အနားပေးလိုက်ပါ။ အထဲမှာထွက်လာစရာလေတွေများများရှိမနေတာလည်းဖြစ်နိုင်ပါတယ်။

  • Facebook
  • LinkedIn

နို့အန်နေတာပုံမှန်မှဟုတ်ရဲ့လား?

အန်တဲ့ပမာဏက အရင်အန်နေကျထက်ပိုများလာတယ် စို့လိုက်တဲ့နို့ပမာဏနီးပါးထိဖြစ်နေတယ်၊ အကြိမ်ပိုများလာမယ် ။

အန်ပြီးနောက်မှာ ကလေးကမအီမသာဖြစ်တဲ့ပုံမျိုးရှိနေမယ် ။ အရှိန်နဲ့ အန်ထုတ်နေတာမျိုးဖြစ်မယ် ။ ဖျားတာ၊အီတာ၊ ဝမ်းပျက်တာ စတဲ့တခြားလက္ခဏာတစ်ခုခုနဲ့ ပါတွဲလာမယ်ဆိုရင်တော့ သာမန်မဟုတ်ပဲ အခြားကြောင်းရင်းတစ်ခုကြောင့်အန်နေတာဖြစ်နိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

en_USEN
my_MMMY en_USEN

Share This

Share this post with your friends!

Shares