ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ခေါင်းထိခိုက်ဒဏ်ရာကို ဘယ်လိုကာကွယ်ကျမလဲ ?
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
ဖြစ်ခဲ့ရင်ကော မေမေတို့ဘာတွေသတိထားစောင့်ကြည့်ရမလဲ။
ခေါင်းထိခိုက်ဒဏ်ရာမှာ ပွန်းပဲ့ရုံခေါင်းနည်းနည်းဖုရုံကနေ ပြင်းထန်အဆင့်ဖြစ်တဲ့ဦးခေါင်းခွံအရိုးအက်ခြင်းကျိုးခြင်း၊ဦးနှောက်တွင်းသွေးယိုခြင်းများပါဝင်ပါတယ်။
ဒါကြောင့်မို့မပေါ့ဆသင့်ပဲကြိုတင်ကာကွယ်ခြင်းများကိုပြုလုပ်သင့်ပါတယ်။
ကလေးတွေမှာအဖြစ်များတဲ့အကြောင်းအရင်းတွေကဘာတွေဖြစ်မလဲ ?
- အမြင့်တစ်နေရာမှပြုတ်ကျခြင်း
- ချော်လဲခြင်း
- အားကစားလုပ်ရာမှထိခိုက်မိခြင်း
- ယာဉ်တိုက်မှု တို့ပဲ
ဖြစ်ပါတယ်။
ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲဆိုတော့ ?
ခေါင်းထိခိုက်ဒဏ်ရာမှာ ပြင်းထန်မှုပေါ်မူတည်ပြီးအမျိုးမျိုးရှိပါတယ်။
သိပ်မပြင်းထန်တဲ့ခေါင်းထိခိုက်မှုမျိုးမှာတော့
- ခေါင်းဦးရေခွံပွန်းခြင်း
- ခေါင်းသွေးခြေဥပြီးအဖုထခြင်း
- ခေါင်းကိုက်ခြင်း
- ခေါင်းမူးခြင်း
တို့ဖြစ်နိုင်ပါတယ်။
ပြင်းထန်ထိခိုက်မှုမျိုးမှာတော့
- သတိလစ်သွားခြင်း
- ထပ်ခါထပ်ခါအန်ခြင်း
- အမြင်အာရုံဝေဝါးခြင်းနှစ်ထပ်မြင်ခြင်း ၊ နှာခေါင်းသို့မဟုတ်နားရွက်က်မှသွေးယိုစီးခြင်း
- မျက်လုံးအောက်တွင်သာမန်ထက်ညိုမဲလာခြင်း
- တက်ခြင်း
- မခံမရပ်န်ိုင်အောင်ခေါင်းကိုက်ခြင်း
- ပွန်းပဲ့မှုပမာဏများခြင်း
တို့ပဲဖြစ်ပါတယ်။
ကလေးတစ်ယောက်ခေါင်းထိခိုက်ဒဏ်ရာရပြီဆိုလျှင် နီးစပ်ရာကျန်းမာရေးစင်တာကိုသွားပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်ပါတယ်။
မေမေတို့ဆေးရုံဆေးခန်းမလာခင်ဘာလုပ်သင့်လဲ ?
ကလေးမှာခေါင်းထိခိုက်မှုကြောင်းအဖုထွက်ခြင်းသွေးခြေဥခြင်းဖြစ်လျှင် ကလေးကိုနားခိုင်းပါ။ထပ်ဆော့ကစားတာလှုပ်ရှားတာမျိုးမလုပ်ပါစေနဲ့။
နောက်တစ်ချက်ကတော့ရေခဲကပ်ခြင်းမျိုးပြုလုပ်သင့်ပါတယ်။
သို့သော်ပြင်ပထိခိုက်ဒဏ်ရာကိုကြည့်ရုံနဲ့ ဦးနှောက်တွင်းထိခိုက်မှုမျိုးကိုမသ်ိနိုင်လို့ အထက်ပါအချက်တွေလုပ်ဆောင်ပြီးကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ ?
ကလေးငယ်ဆော့ကစားတဲ့နေရာမှာ ချွန်ထက်သောထိလွယ်ရှလွယ်သောပစ္စည်းများမထားသင့်ပါ ၊ လမ်းလျှောက်တတ်စကလေးငယ်လေးတွေလှေကားအမြင့်တက်လျှင်အုပ်ထိန်းသူအမြဲပါသင့်ပါတယ်။
ကားစီးလျှင်ကလေးထိုင်ခုံမှာထိုင်ပြီးခါးပတ်ပတ်ရပါမယ်။
ကလေးမောင်းနှင်သောစက်တပ်ယာဉ်(ဥပမာ စက်ဘီး,မော်တော်ကားငယ်) စီးလျှင်၊အားကစားတစ်ခုခုလုပ်လျှင်ဦထုပ်(helmet) ဆောင်းသင့်ပါတယ်။
ဒါကြောင့်မို့မဖြစ်ခင်ကြိုတင်ကာကွယ်ပြီးသားသားမီးမီးတို့ပျော်ရွှင်စွာကစားနိုင်ကြပါစေနော် ။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |