ကလေးငယ်လေးများကို ဘယ်အချိန်မှာ လိင်အသိပညာပေးကြမလဲ ( အပိုင်း-၂ )
ကျောင်းနေအရွယ် ၅ နှစ်ကနေ ၈ နှစ်
ကျောင်းနေ အရွယ် ကလေးငယ် လေးတွေက တော်တော်လေးကို လည်တဲ့ အရွယ် တွေ ရောက်နေပါပြီနော်။ ဖေဖေ မေမေ တို့ အနေနဲ့ ဆူရခက် သင်ပေးရ ခက်တဲ့ အရွယ်လေးတွေပေါ့။ အတန်းဖော်သူငယ်ချင်း ကောင်လေးတွေ ကောင်မလေးတွေ နဲ့ တရင်း တနှီး နေတဲ့ အချိန်လေးတွေလည်း ဖြစ်လို့ သားလေး တွေကိုဆို သူငယ်ချင်းကောင်မလေးတွေကို အရှက်ရအောင် လိုက်မစတတ်ဖို့ ကြိုမှာထားဖို့ လိုပါတယ်နော်။
သူတို့လေးတွေ နဲ့ ထိတွေ့နေမယ့် ရုပ်ရှင်တို့ ဖုန်းတို့ အင်တာနက်တို့မှာ အသက်အရွယ်နဲ့မလိုက်တာတွေ မပါအောင် ဖေဖေ မေမေ တို့ က ဂရုစိုက်ရမှာပါ။ ၁၀ နှစ် နောက်ပြီး လူပျို အပျိုဖော်ဝင်ရင် ဖြစ်လာနိုင်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှာတွေကို ကြိုပြီး ရှင်းပြ ၊ အသိပေးထားပါ။
လိင် အသိပညာပေးအပြင် မျိုးဆက်ပွားအသိပညာပေးလေးကာတွန်းလေးတွေ ပုံပြင်လေးတွေပါ နည်းနည်း မိတ်ဆက်ထားပါ။