“ကလေးငယ်လေးများနှင့်တစ်ကိုယ်ရည်သန့်ရှင်းမှု”

ကလေးလေးတွေကို တစ်ကိုယ်ရည်သန့်ရှင်းဖို့ နည်းလမ်းတွေ သင်ထားပေးဖို့လိုအပ်ပါတယ်။ ကလေးတွေဆိုတာ မိဘ ကသန့်ရှင်းရေးလုပ်ပေးရတဲ့သေးသေးလေးအရွယ်မှာပဲ အမြဲရှိနေမှာမဟုတ်ပါဘူး။

ကျောင်းတက်ရမယ်။ သူငယ်ချင်းတွေနဲ့ ဆော့ကစားမယ်။ ထိုင်ခုံတွေစားပွဲတွေ တခြား ပစ္စည်းတွေနဲ့ထိတွေ့ရမှာပါ။ ထိတွေ့ရမယ့် ပတ်ဝန်းကျင်၊ပစ္စည်းတွေက သန့်ရှင်းပါမယ်လို့ ဘယ်သူမှ အာမ မခံပါဘူး။ ပြီးတော့ သိတဲ့အတိုင်းပဲ ကလေးတွေဆိုတာ ညစ်ညစ်ပတ်ပတ်ဆိုတာတွေ နားလည်သေးတာမဟုတ်တော့ ရွှံ့ထဲလည်းလူးချင်လူးမှာ။ ဖုံတောထဲလည်းပြေးချင်ပြေးနေမှာ။

အဲ့ဒီတော့ ကလေးလေးတွေကို တစ်ကိုယ်ရည်သန့်ရှင်းမှု ဘယ်လိုလုပ်ရမလဲ ပြောပြထားရမယ်။ ကျောင်းတက်တော့မယ့်အရွယ်ဆို သင်ထားပေးရပါမယ်။

ခေါင်းအစ ခြေအဆုံး တစ်ကိုယ်ရည်သန့်ရှင်းမှုဘယ်လိုထားရမလဲဆိုရင် အရေးကြီးဆုံး (၄)ချက်ကို အရင်သင်ပါ။

၁.လက်ဆေးခြင်း
ဆပ်ပြာနဲ့စနစ်တကျ လက်ဆေးခြင်းဟာ ကလေးတွေကို တော်ရုံဖျားနာရောဂါကူးတာတွေကို ကာကွယ်ပေးပါတယ်။

  • လက်ကညစ်ပတ်တယ်ထင်တဲ့အခါ
  • အစာကို မကိုင်ခင်၊မစားခင်
  • အသားစိမ်း၊ငါးစိမ်းတွေ ကိုင်တာတို့
  • အညစ်အကြေးတွေကိုင်မိတာတို့
  • တိရိစ္ဆာန်တွေကိုကိုင်ပြီးတဲ့အခါ
  • ချောင်းဆိုး၊နှာချေ၊နှားခေါင်းနှိုက်တာတို့
  • အိပ်သာတက်ပြီးတဲ့အချိန် စတာတွေမှာ လက်ကို ဆပ်ပြာနဲ့စနစ်တကျဆေးရပါမယ်။

၂.နှာချေ၊ချောင်းဆိုတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို အုပ်ခြင်း
နှာချေ၊ချောင်းဆိုးခြင်းဟာ ရောဂါပိုးပျံနှံတာ အရမ်းမြန်ပါတယ်။ နှာချေတာဖြစ်ဖြစ်၊ ချောင်းဆိုးတာဖြစ်ဖြစ် နှာခေါင်းနဲ့ပါးစပ်ကို tissue ဒါမှမဟုတ် လက်ကိုင်ပဝါ အုပ်တဲ့အလေ့အကျင့်လေးသင်ထားပေးရပါမယ်။ Tissue ၊လက်ကိုင်ပဝါမရှိရင် တံတောင်ဆစ် ဒါမှမဟုတ်လက်မောင်းနဲ့ပိတ်ကာထားဖို့လိုပါတယ်။

၃.အချိန်မှန် ရေချိုးခြင်း
ကလေးကို ရေချိုးမပျင်းအောင်၊ မကြောက်အောင် သင်ထားရပါမယ်။ ရေချိုးချိန် သတ်သတ်မှတ်မှတ်ထားရှိခြင်းက အထောက်အကူဖြစ်စေပါတယ်။ ရေချိုးတိုင်း ချိုင်းကြား၊ပေါင်းကြားတို့ကို သန့်ရှင်းဖို့ မမေ့ပါနဲ့။

၄.သွားကျန်းမာရေး

  • အနည်းဆုံးမနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ရပါမယ်။
  • တစ်ခါတိုက်ရင် အနည်းဆုံး ၂မိနစ်
  • တက်နိုင်ရင် အချိုတွေစားပြီးရင်ပါ တိုက်ဖို့သင့်ပါတယ်။

၅.အခြား လိုအပ်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေကတော့
ခေါင်းလျှော်ခြင်း တစ်ပတ်ကို အနည်းဆုံးနှစ်ခေါက်လောက်လျှော်ဖို့သင့်ပါတယ်။ လက်သည်း တွေကို အချိန်မှန်ညှပ်ပေးပါ။ ရှည်လာပြီဆို ချေးတွေဝင်လာတတ်ပါတယ်။ အိမ်သာသွားပြီးတိုင်း အပေါ့၊အလေးစွန့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို သန့်ရှင်းရပါမယ်။

အပြင်ကပြန်လာတာဖြစ်ဖြစ် အိပ်ခါနီးဖြစ်ဖြစ် ခြေထောက်ကို သန့်ရှင်းပါ။

en_US