ကလေးဆို ဝဝကစ်ကစ်လေးမှ တို့ဟယ် နင့်ကလေးက ညှက်လိုက်တာတို့ အပြောခံဘူးကြလား….မေမေတို့ရေ…….
စိတ်မပူပါနဲ့ မေမေတို့…………
ကိုယ့်ကလေးက ပုံမှန် အတိုင်းကြီးထွားပြီး ကျန်းမာနေရင် ရပါပြီ။ ဝဝကစ်ကစ် ဖြစ်စရာမလိုပါဘူး။
ဒါပေမယ့်…တချို့ မေမေတွေကတော့ မကျေနပ်ပါဘူး။ အထူးသဖြင့်..မွေးကာစ ကနေ ခြောက်လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ပါပြောရင် ကိုယ့်ကလေး ဝဝတုတ်တုတ်ဖြစ်လာဖို့ တခြားအစာတွေ ခိုးကျွေးကြပါသေးတယ်။
အဲ့ဒီတော့ ကောင်းလား ဆိုတော့ မကောင်းပါဘူး..
မိခင်နို့မှာ ကလေးသေးသေးလေး ခြောက်လအထိ လိုအပ်တဲ့ ဓာတ်တွေ အကုန်ပါ ပါတယ်။
တစ်နည်းပြောရရင် ဒါဟာ ကလေးတွေအတွက် စူပါအာဟာရ။ ရေတောင် မတိုက်ခိုင်းပါဘူး။ဆာရင် နို့သာ တိုက်။ ရေတိုက်ရင် နို့သောက်နည်းသွားပါမယ်။
တခြားအစာကျွေးရင် နို့သောက်နည်းသွားပါမယ်။
မိခင်နို့တိုက်တာ အားမရတဲ့ အပြင် တခြား ဖြည့်စွက်စာတွေ ထပ်ကျွေးတာ ကလေးကို ဒုက္ခပေးတာနဲ့တူတူပါပဲ။ ကလေးခဗျာ ဘာမှ ပြန်မပြောနိုင်ဘဲ လုပ်သမျှခံနေရတယ်။
ကလေး အစာအိမ်သေးသေးလေးမှာ အစာတွေ အများကြီး ထည့်တဲ့အခါ ကလေးမှာ မသက်မသာ ခံစားရပါတယ်။ အန်လည်း ပြန်အန်ပါဦးမယ်။
အဲ့ဒီတော့ ကိုယ့်ကလေးကို အလွန်အကျွံ မကျွေးမိအောင် ကလေး အမူအရာကို ကြည့်ပါ။
- ကလေးက ဆာနေရင် နို့သီးခေါင်း ဒါမှမဟုတ် နို့ဗူးကို အငမ်းမရ တောက်လျှောက်စို့နေပါမယ်
- ကလေးက နည်းနည်းပြည့်လာပြီဆိုရင် စို့တာ ရပ် ရပ်သွားပါမယ်။
- ကလေးက ဗိုက်ပြည့်သွားပြီဆိုရင်တော့ နို့သီးခေါင်း ဒါမှမဟုတ် နို့ဗူးကို မျက်နှာလွဲပြီး ထပ်မစို့တော့ပါဘူး။