ကလေးတို့ ဝတဲ့အခါ ဘာပြသနာတွေဖြစ်နိုင်လဲ?
ခုခေတ်မှာ အသင့်စားသုံးနိုင်တဲ့အစားအစာတွေ၊fast food တွေ၊ဆီကြော်တွေက ရေပန်းစားလာတော့။ကလေးတို.ရဲ့အဝလွန်ပြသနာတွေလည်း ပိုတွေ.လာရပါတယ်။
ကလေးတွေကို အစားများများစားစေချင်တယ်၊ကြီးထွားဖွံဖြိုးစေချင်တယ် ဆိုတာမိဘအားလုံးဖြစ်ချင်ကြတဲ့အရာပါ။ဒါကြောင့်ကလးတို.အစားကောင်းပြီဆို မိဘတွေက သဘောကျပြီး၊ကိုယ့်ကလေးကို များများစားစေချင်ပြီးပိုကျွေးတတ်ကြတယ်။
ဒီနေရာမှာ ကျန်းမာစေတဲ့ အာဟာရဖြစ်စေတဲ့ အစားအစာများများ ကျွေးတာက ကလေးရဲ့ကိုယ်ခန္ဓာဖွံ.ဖြိုးမှုနဲ့ ဉာဏ်ရည်ဖွံ.ဖြိုးမှုအတွက်ကောင်းပေမယ့်ကျန်းမာရေးအတွက်ဆိုးကျိုးပိုများတဲ့အဆီများ၊အငံဓာတ်များတာတွေ၊အထပ်ထပ်ကြော်ထားပြီးသားဆီကိုအသုံးပြုတာတွေ၊သကြားတွေလွန်လွန်ကဲကဲပါတာ စတဲ့ အစားအသောက်တွေကို စားမိရင်တော့ ကလေးအတွက်အဝလွန်ခြင်းတွေဖြစ်နိုင်တဲ့အပြင် မကျန်းမာတဲ့ အမူအကျင့်တွေကို ကျင့်သားရသွားစေသလို ဖြစ်နေပါလိမ့်မယ်။
အချိုဓာတ်များလွန်းတဲ့အစားအစာတွေက ကလေးရဲ့သွားကျန်းမာရေးအတွက်လဲ ရန်သူပါပဲ။
အဝလွန်ခြင်းဟာလူကြီးမှာပဲ ဖြစ်ဖြစ် ကလေးမှာပဲဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်။
ကလေးတွေမှာအဝလွန်ခြင်းဟာသွေးတိုး၊ဆီးချို၊သွေးထဲမှာအဆီဓာတ်များတာစတဲ့ရေရှည်နောက်ဆက်တွဲလက္ခဏာတွေထိဖြစ်စေနိုင်တဲ့အပြင်၊အဝလွန်တဲ့အခါကလေးကသူငယ်ချင်းတွေကြားထဲမှာအစခံရတယ်၊သူများနဲ့မတူတဲ့သူ.ခန္ဓာကိုယ်ကိုရှက်တယ်၊ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေနည်းလာတယ်စတဲ့ စိတ်ပိုင်းဆိုင်ရာပြသနာလေးတွေလည်းကြုံတွေ.လာနိုင်ပါတယ်။
- ကလေးရဲ့အသက်အလိုက် မျှတတဲ့ ကိုယ်အလေးချိန်နဲ့အရပ်ရှိလား?
- ကလေးရဲ့နေထိုင်စားသောက်မှုပုံစံတွေမှန်ကန်ရဲ့လား? မျှတတဲ့ကိုယ်လက်လှုပ်ရှားမှုတွေရှိရဲ့လား?
- အာဟာရတန်ဖိုးပြည့်ဝပြီး ကျန်းမာစေတဲ့ အစားအသောက်တွေကို ဘယ်လိုရွေးချယ်ရမလဲ?