ကလေးတွေကို အချိုကျွေးတာမျိုးကို ဘယ်လို လျှော့သင့်လဲ။
ဖေဖေ မေမေ အများစုက ကလေးငယ်လေးတွေ ကို လူအုပ်ကြားထဲမှာ ငြိမ်အောင်ဖြစ်ဖြစ် ၊ အိမ်မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာအောင် ဖြစ်ဖြစ် အလွယ်နည်းနဲ့ အချိုပါတဲ့ အစားအသောက်တွေကို ကျွေးနေကြတာ တွေ့တွေ့နေရပါတယ်။
ဒါဟာ မှန်ကန်တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ အချိုဆိုတဲ့ နေရာမှာ သကြားလုံး၊ ရေခဲမုန့် ၊ သရေစာမုန့်တွေအကုန်ပါပါတယ်။ ဒီအချိုတွေထဲမှာ ပါတဲ့ သကြားဓာတ်တွေ က ကလေးတွေရဲ့ အစာစားချင်တဲ့ စိတ်ကို လမ်းလွဲစေပါတယ်။
အဲ့အတွက်ကြောင့် ကလေးငယ်လေး တစ်ယောက် က အချိုစားများပြီး ပိန်နေတတ် တာကို တွေ့ရနိုင်ပါတယ်။ ဖေဖေ မေမေ တို့စီမှာ ဆီးချိုရှိတယ်ဆိုရင် ကလေးငယ်လေးကို အချိုပိုပြီးမကျွေးသင့်ပါဘူးနော်။ ကလေးက ငယ်ငယ်လေးနဲ့ ဆီးချို ပမာဏ တက်တဲ့ အခြေအနေ တစ်ခု ကို စောစောစီးစီး ခံစားနေရမှာဖြစ်ပါတယ်။
ပြီးတော့ ကလေးငယ်လေးတွေရဲ့ သွားကို လည်း ဒုက္ခ ကောင်းကောင်းပေးနိုင်ပါတယ်။ အဲ့ အတွက် ဘယ်လိုတွေ ပြင်ဆင်ထားရမလဲ။
ကျန်းမာတဲ့ အလေ့အထများ ကိုတည်ဆောက်ပေးပါ
ကလေးငယ်များအတွက် အာဟာရပြည့်ဝသော အစားသောက်များကို စတင် ကျွေးတဲ့ အခါ ခက်ခဲနိုင်တယ်။ သူတို့ကိုဗိုက်သိပ်မစာတဲ့ အခါမျိုးမှာ အချိုပါသောအစားအစာများကိုကြိုက်နှစ်သက်ခြင်းမရှိစေရန် အတင်းအကျပ်မပြုလုပ်ရန်ကြိုးစားဖို့လိုပါတယ်။ ( အဲ့အတွက် အာဟာရပမာဏတူညီသော အစားအသောက်မျိုးကို ထပ်မံ၍ ကမ်းလှမ်းပါ။ အာဟာရကြွယ်သော အစားအစာကိုငြင်းလိုက်လျှင်လည်း စိတ်မပူပါနှင့်စိတ်မဆိုးပါနှင့်။ ကလေးငယ်များအတွက် စားရလွယ် အောင် စားစရာများကိုသေးငယ်အောင်ပြုလုပ်ပေး ထားပါ )
အချိုပါတဲ့ အစားအစာများ ကိုဆုပေးတာမျိုး မလုပ်ပါနဲ့။
အချိုပါတဲ့ အစားအစာများကို ဆုပေးတဲ့ အနေနဲ့ ကျွေးမယ်ဆို ကျန်းမာတဲ့ အစာစားများစားသုံးဖို့ သင်ကြားပေးနေတဲ့ ကာလမှာ အဲ့ အလေ့အထကိုပျက်စီးစေနိုင်ပါတယ်။
- သကြားလုံးများ၊ သရေစာမုန့် များ (သို့မဟုတ်) ဆိုဒါများကို ဆုအဖြစ်ပေးအပ်ခြင်းက ကလေးများအတွက် သကြား၊ အဆီနှင့်ကယ်လိုရီများသောအစားအစာများကိုမျိုချမိစေပါတယ်။ ပိုဆိုးသည်မှာကလည်း ကလေးတွေ ရဲ့အစာစားချင်စိတ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒါ့အပြင်ကလေးငယ်များက ကျန်းမာရေး အတွက် မကောင်းတဲ့ အစာများကိုစားသုံးဖို့အတွက် ကောင်းတာ တစ်ခုခုလုပ်ခြင်းဖြင့် ရရှိ နိုင်သည်ဟူသော ရောထွေးနေသည့် အတွေးမှားများလည်း ဝင်သွားနိုင်ပါတယ်။
အဲ့ အတွက် ဖေဖေ မေမေတိုက လည်း အစားအစာနှင့်မသက်ဆိုင်သောအခြားဆုများကိုလည်းပေးဖို့ အတွက်စဉ်းစားထားပါ။
စာကြည့်တိုက်၊ တိရစ္ဆာန်ရုံ (သို့မဟုတ်) အခြားအကြိုက်ဆုံးခရီးစဉ်သို့သွားပါ။ ဆေးရောင်စုံ စာအုပ်အသစ်များကို ဝယ်ပေးပါ။
ခဲတံ၊ စတစ်ကာများ (သို့မဟုတ်) ကျောင်းသို့ယူဆောင်နိုင်သောစာရေးကရိယာများ လက်ဆောင်ပေးပါ။
ရခွေိုး ခနြးသုံး ကစားစရာဝယပြေးပါ။
အိပရြာမဝငခြငအြခွိနပြို ပှီး စာဖတပြေးပါ။
သူငယခြငွြးမွား နဲ့ အတူပေးကစားပါ ၊ သူငယခြငွြးတှေ အိမမြှာလညြး လညပြတကြစားခှင့ပြေးပါ။
ဖဖေေ မမတေေို့နဲ အတူ အကှိုကဆြုံးဂိမြးမွားကို အခွိနပြေးပှီး ကစားပေးပါ .. အစရှိတဲ့ နညြးလမြးမွားနဲ့ ထိနြးပေးနိုငပြါတယြ။
ကဲဒီလောက်ဆို ကလေးလေးတွေ အချိုစားတာကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်ပြီထင်ပါတယ်နော်။