ကလေးဖျားနေရင်ဘာတွေကျွေးလို့ရလဲ?

ဖေဖေ မေမေတို့အမေးများကြတဲ့မေးခွန်းပါပဲ!

  • ကလေးဖျားတဲ့အခါ အရည်များများဝင်အောင်တိုက်ပေးပါ။ ဖျားတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံးပါတယ်။
  • အိမ်မှာ သန့်သန့်ရှင်းရှင်းပူပူနွေးနွေး ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာများကိုကျွေးပါ။
    ကလေးစားနိုင်ရင် ပုံမှန် အစားအစာအားလုံးကျွေးနိုင်ပါတယ်။
  • ဆန်ပြုတ်၊စွပ်ပြုတ်၊မြူစွမ်ပြုတ်စတဲ့ အရည်အဖတ်ရော ကျေညက်လွယ်တဲ့ အစားအစာတွေအပြင်ထမင်းလည်းကျွေးလို့ရပါတယ်။
  • သွေးလွန်တုပ်ကွေးလို့ သံသယရှိတယ်ဆိုရင်တော့ အနီရောင်၊အညိုရောင်၊အမဲရောင် ပါတဲ့အစားအစာများရှောင်ပြီး ကျွေးပါ။
  • အူရောင်ငန်းဖျားရောဂါမှာဆိုရင်တော့ အဖျားနဲ့ ကလေးရဲ့အခြေအနေပေါ်မူတည်ပြီး အစာအမာရှောင်ရတာမျိုးရှိပါတယ်။

ဒါပေမယ့် ကလေးရဲ့ဆရာဝန်က အူရောင်ငန်းဖျားကိုသံသယရှိပြီး ရှောင်ခိုင်းမှသာ ရှောင်ဖို့လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ရှောင်စရာမလိုပါဘူး။

ကလေးဖျားပြီဆို မေမေ ဖေဖေတို.စိတ်ပူတတ်ကြတာပေါ့။

  • အစားရောလုံလောက်တဲ့ပမာဏဝင်နေရဲ့လား။
  • အိမ်မှာဘယ်လိုပြုစုစောင့်ရှောက်ပေးရမလဲ။
  • ဆေးရုံ၊ဆေးခန်းပြန်ပြသင့်တဲ့ လက္ခဏာကဘာတွေလဲ ဆိုတာတွေကို သိချင်တတ်ကြပါတယ်။

ရင်သွေး call center က ဒီလိုအချိန်မျိုးတွေမှာ ကလေးမိဘတွေကိုအကူအညီပေးနိုင်ဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။

ကလေးကို အိမ်မှာပြုစုပေးနေတဲ့ အချိန်တွေမှာ ဆရာဝန်တစ်ယောက်နဲ့ လှမ်းပြီးတိုင်ပင်နိုင်တယ်ဆိုတော့ ပိုပြီးစိတ်ချရတာပေါ့။

ကလေးတစ်ဦးချင်းဆီအလိုက် အခြေအနေပေါ်မူတည်ပြီး တိုင်ပင်ဆွေးနွေးပေးနိုင်တော့ မေမေ ဖေဖေတို.ရဲ့ အခက်အခဲတွေ စိတ်ပူပန်မှုတွေကို ပြေလည်နိုင်စေမှာပါ။

en_US