ကလေးဘဝ ပန်းနာရင်ကြပ်မှ ကာကွယ်ဖို့

ပန်းနာရင်ကြပ်ရောဂါဆိုတာ သင့်ကလေးမှာ ပန်းနာရင်ကြပ်ရှိမယ်ဆိုရင် အသက်ရှူကြပ်ခြင်း၊ မောခြင်း၊ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်း၊ အသက်ရှူမြန်ခြင်း စတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။

ပန်းနာရင်ကြပ်ဟာဆိုရင် ဓါတ်မတည့်ခြင်းကြောင့်ဖြစ်တတ်သလို၊ အားကစားအပြင်းအထန်လုပ်ခြင်းကလည်း တချို့သူတွေမှာ ဖြစ်တတ်ပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ရဲ့ ခုခံမှုစနစ်က အလွန်အကျွံတုံ့ပြန်တာကြောင့် ဖြစ်တာပါ။

ဒီတော့ ပန်းနာရင်ကြပ်ဖြစ်ပြီဆို တစ်သက်လုံး မပျောက်တော့ပါဘူး။ ရောဂါလက္ခဏာတွေ မခံစားရအောင် ထိန်းသိမ်းနေထိုင်ရင်တော့ လူကောင်းလိုပဲ ဖြစ်နေမှာပါ။ ဒါကြောင့် ဆရာဝန်နဲ့သေချာပြသတိုင်ပင်သင့်ပါတယ်။

ဒီလိုတိုင်ပင်မှ ဓါတ်မတည့်တဲ့အရာတွေကို တိုင်ပင်ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ထိုအရာတွေကို ရှောင်ရှားခြင်းမှ ပန်းနာရင်ကြပ်ဝေဒနာမခံစားရအောင် ကာကွယ်နိုင်မှာပါ။

နောက်တစ်ခုကတော့ တုပ်ကွေးဗိုင်းရပ်စ်၊ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းတွေကလည်း ပန်းနာရင်ကြပ်ကို ဖြစ်စေဖို့ တွန်းအားပေးကြတာမို့ မိမိကလေးရဲ့ ခုခံအား၊ ကိုယ်ခံအား ကောင်းစေဖို့ ကြိုးစားသင့်ပါတယ်။

ဒါကြောင့် အာဟာရပြည့်ဝမျှတတဲ့ အစားအစာတွေကျွေးမယ်။ လိုအပ်ရင် ဗီတာမင် သတ္ထုဓါတ်တွေပါတဲ့ အားဆေးတွေတိုက်မယ်။ သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှား ဆော့ကစားခြင်းတွေကို အားပေးရပါမယ်။ ဒါဆိုရင်တော့ ပန်းနာရင်ကြပ်ရောဂါကို အတော်အသင့်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့မှာချင်တာကတော့ မိမိကလေးမှာ ပန်းနာရင်ကြပ်ရှိတယ်ဆိုရင် ကျောင်းရဲ့ သက်ဆိုင်ရာ ဆရာမတွေကို အသိပေးထားဖို့လိုသလို၊ အရေးပေါ်အခြေအနေဖြစ်လာရ င် ဘယ်လို လုပ်သင့်ကြောင်း အသိပေးထားဖို့နဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ ပေးထားဖို့လည်း မမေ့ဖို့ တိုက်တွန်းလိုက်ရပါတယ်။

en_US