ကလေးများတွင်ဖြစ်တတ်သောခြေထောက်ခွင်ခြင်းအကြောင်း
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
ခြေထောက်ခွင်ခြင်း(Bow Legs)ဆိုသည်မှာ ခြေပြားနှင့်ဖနောင့်ကပ်လိုက်သည့်အချိန်တွင် သာမန်ဒူးနှစ်ခုမှာကပ်၍မသွားပဲ အပြင်ဘက်သို့ကားနေခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် မွေးကင်းစကလေးများနှင့် လမ်းလျှောက်သင်ခါစ ကလေးများတွင်တွေ့ရတတ်သည်။ ဤအရာသည်များသောအားဖြင့်ဆေးကုသစရာမလိုပဲ ကလေးအသက် ၃-၄နှစ်ရောက်လာသည်နှင့်အလျောက် သူ့အလိုလိုပျောက်သွားတတ်သည်။
မိဘများအနေဖြင့် လမ်းလျှောက်သင်ခါစ ကလေးငယ်၏ ခြေထောက်ပုံစံနှင့်လှုပ်ရှားနေမှုပုံစံကိုကြည့်ပြီးစိုးရိမ်ကောင်းစိုးရိမ်နိုင်သည်။ သို့သော် စလျှောက်ခါစကလေးခြေထောက်ခွင်ခြင်းသည် သင့်ကလေး၏တွားသွားခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းစွမ်းရည်ကိုမကျဆင်းစေပါ။ ကလေးကြီးလာသည်အထိ မပျောက်လျှင်တော့ ကလေး၏ဒူးခေါင်း ဖနောင့်နှင့်တင်ပါးနေရာတို့တွင် လှုပ်ရှားမှုခက်ခဲစေနိုင်သည်။
ကလေးတစ်ယောက်လမ်းလျှောက်တက်ခါစတွင်ခြေထောက်ခွင်ခြင်းကိုတွေ့မြင်ရနိုင်သော်လည်း အချိန်ကြာ၍သူ၏လမ်းလျှောက်နှုန်း တိုးတက်လာသည်နှင့်အလျှောက် ခြေထောက်ခွင်ခြင်းလည်းတဖြေးဖြေးလျော့နည်းလာသည်။ အပြင်သို့ခွင်ခြင်းသည်အထက်တွင်ပြောထားသည့်အတိုင်း ၃-၄နှစ်ဆိုလျှင်ပျောက်သွားသည်။ အထဲသို့ခြေခွင်ခြင်း(knock-knees) တွင်မူကလေးအသက် ၇-၈တွင်မှပုံမှန်အတိုင်းပြန်ဖြစ်နိုင်သည်။
သာမန်မဟုတ်ပဲခြေထောက်ခွင်ခြင်းကိုဖြစ်စေနိုင်သောအခြားရောဂါများလည်းရှိသေးသည်။
- Vitamin Dချို့တဲ့မှုကြောင့် Rickets လို့ခေါ်တဲ့အရိုးကြီးထွားမှုပုံမမှန်တဲ့ရောဂါ
- Blount disease လို့ခေါ်တဲ့ကြီးထွားပုံမမှန်တဲ့ရောဂါ
- အရိုးကြီးထွားမှုကိုအနှောက်အယှက်ဖြစ်စေသော ထိခိုက်ဒဏ်ရာရခြင်း ပိုးဝင်ခြင်း
- အကျိတ်တည်ခြင်း
သင်၏ကလေးကိုဘယ်အချိန်မှာ ဆရာဝန်နှင့်တိုင်ပင်သင့်သလဲ။
- ကလေး၏ခြေထောက်ခွင်မှုပုံစံတစ်ဖက်နှင့်တစ်ဖက်မတူညီလျှင်
- ကလေးလမ်းလျှောက်ရာတွင်နာကျင်ခြင်း၊ တောင့်နေ၍လှုပ်ရှားရခက်ခဲနေခြင်း၊
- အားမရှိခြင်း
တို့ကိုတွေ့ရှိပါက ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |