ကလေးများတွင် ဖြစ်လေ့ရှိသော အပူကြီး၍ တက်ခြင်းအကြောင်း
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
အပူကြီး၍ တက်ခြင်းသည် ရောဂါပိုးဝင်၍ဖျားပြီး အပူ အမြင့်ဆုံးအချိန်တွင် ဖြစ်လေ့ရှိသည်။
ဤသို့တက်ခြင်းသည် ဦးနှောက်နှင့် အာရုံကြော ရောဂါအခံမရှိဘဲ သာမာန်ကျန်းမာသော ကလေးများတွင်လဲဖြစ်ပွားနိုင်သည်။
အပူကြီး၍တက်ခြင်းသည် အသက် ခြောက်လမှ ငါးနှစ်အတွင်းတွင် အဖြစ်များပြီး မိသားစုမျိုးရိုးရှိသူများတွင် ပိုမိုဖြစ်ပွါးလေ့ရှိသည်။
ဘယ်လိုလက္ခဏာတွေကို သတိထားသင့်လဲ ?
- ကလေးသည် တကိုယ်လုံး တုန်၍တက်သွားပြီး သတိလစ်သွားနိုင်သည်။
- အဖျားသည် အများအားဖြင့် ၁၀၄F(၃၈C)ထက်ကျော်နိုင်သည်။
- ရံဖန်ရံခါ ကိုယ်ခန္ဓာတောင့်၍လဲတက်နိုင်သည်။
- များသောအားဖြင့် ဖျားပြီး ၂၄ နာရီတွင် တက်နိုင်သည်။
ဘယ် အချိန်မှာ ဆေးခန်းသွားသင့်သလဲ ?
- သင့်ကလေးတက်လျှင် ပထမဦးစွာ ခေါင်းကို ဘေးစောင်းပါ။မြေပြင်ညီသို့ ချပါ။ တက်သည့် အချိန်နှင့်ပုံစံကို မှတ်သားထားပါ။ ကလေးအတက်ကျလျှင် နီးစပ်ရာဆေးခန်းသို့ သွားပါ။
- တက်ခြင်းနှင့်အတူ အန်ခြင်း၊လည်ပင်း ကြွက်သားတောင့်ခြင်း၊အသက်ရှူကြပ်၍ နှုတ်ခမ်းများပြာလာခြင်း ဖြစ်ပေါ်လာပါက အရေးပေါ် ဌာနသို့ သွားပါ။
ဘယ်လိုကာကွယ်ရမလဲ ?
- အပူပြင်းသည့် အချိန်တွင် ရေချိုးချပါ၊ရေပတ်များများတိုက်ပါ။
- အဖျားကျဆေး(ပါရာစီတမော့) တိုက်ပါ။
- အဖျားကြီး၍ မကြာခဏတက်သည့် ကလေးများတွင် ဆရာဝန်ညွှန်ကြားထားသည့် အတိုင်း စအိုထဲထည့်သည့် အတက်ကျဆေးကို သုံးရမည်။ မှတ်ချက်-တက်ချိန် ၅မိနစ်ကျော်မှသာ သုံးရန်။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |