သားသားမီးမီးလေးတွေရဲ့ အသားအရေက အရမ်း နုနယ်တဲ့အတွက် ဂရုမစိုက်မိရင် အရေပြားပြဿနာလေးတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်..
မေမေတစ်ယောက် အနေနဲ့ ကြိုတင်သိရှိပြီး သတိထားလို့ရအောင် ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ အကြောင်း ပြောပြပေးပါမယ်နော်
အဖြစ်များတဲ့ အရေပြားပြဿနာတွေက
- အနီဖုလေးတွေ ပေါက်ခြင်း
- လူကြီးတွေမှာပေါက်တတ်တဲ့ ဝက်ခြံလိုအဖုသေးသေးလေးတွေပါ။
မိခင်ရဲ့ဝမ်းထဲမှာ ဟော်မုန်းတွေနဲ့ ထိတွေ့ခဲ့ရလို့ ဒီလိုအဖုလေးတွေထွက်တတ်တာ ဖြစ်ပါတယ်။
၁ ပတ်လောက်ကနေ လနဲ့ချီတဲ့အထိ ဖြစ်တတ်ပါတယ်။ ထူးထူးခြားခြား ကုစရာမလိုပါဘူး။ အချိန်ကြာတဲ့အခါ အလိုလိုပျောက်သွား ပါလိမ့်မယ်။
ရေကျောက် ပေါက်ခြင်း
- မျက်နှာ၊ နားနဲ့ ရင်ဘတ်တွေမှာ အနီစက်လေးတွေ ထွက်လာပြီး နောက်တော့ အရည်ကြည်ဖုလေးတွေ ဖြစ်လာတာမျိုးပါ။
- အရည်ကြည်ဖုလေးတွေ ပေါက်သွားရင်တော့ အနာဖတ်လေးဖြစ်သွားပါလိမ့်မယ်။
- ရေကျောက်ပေါက်နေချိန်မှာ ကလေးငယ်နဲ့ အိမ်ခန်းပတ်ဝန်းကျင် သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။
အသားခြောက်ခြင်း
- မွေးကင်းစ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။
- အသားခြောက်ရင်တော့ အဖတ်လေးတွေလန်ပြီး အောက်က အရေပြားအသစ် ထွက်လာပါလိမ့်မယ်။
- အရေပြားအသစ်က နုလွန်းတာကြောင့် နောက်ထပ် ထိခိုက်ပွန်းပဲ့ ဒဏ်ရာ မဖြစ်အောင် ဂရုစိုက်ပေးဖို့ လိုပါတယ်။
ပွေးပေါက်ခြင်း
- ပွေးပေါက်ခြင်းက ကလေးရဲ့ ခန္ဓာကိုယ်အနှံအပြားမှာ တွေ့ရနိုင်ပါတယ်။ မျက်နှာ၊ လည်ပင်း နဲ့ ဦးရေပြားထဲထိ ဖြစ်နိုင်တယ်။
- အရေပြားပေါ်မှာ အနီကွက်လေးဖြစ်ပြီး ယားယံစေပါတယ်။
- အသုံးပြုတဲ့ မျက်နှာသုတ်ပဝါ၊ ခေါင်းအုံး၊ အိပ်ယာခင်းတွေ မသန့်ရှင်းခြင်းမှ ကူးစက်တတ်ပါတယ်။
နှင်းခူ
- ရေရှည်ဖြစ်တတ်တဲ့ အရေပြားပြဿ နာတစ်မျိုးပါ။ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။
- ကလေးငယ်ရဲ့ အသားအရေက နီရဲပြီး ခြောက်သွေ့ ယားယံလာပါလိမ့်မယ်။
- ပျောက်ပြီးရင်လဲပြန်ဖြစ်တတ်တာကြောင့် မကြာခဏ ပြန်စစ်ဆေးပေးသင့်ပါတယ်။
အခုပြောပြခဲ့တဲ့ အရေပြားပြဿနာတိုင်းရဲ့ တူညီချက်ကတော့ ပိုးဝင် ရင် ပိုဆိုးလာနိုင်တဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။
မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဖို့ကတော့ အရေးအကြီးဆုံးပါပဲ။