ကလေးလေးတွေရဲ့ အရပ်ကို ဘယ်လိုကြိုတွက်ကြမလဲ

သားသားလေး မီးမီးလေး တွေရဲ့ အရပ်ကို ၁၀၀% မဟုတ်ရင်တောင် အနီးစပ်ဆုံး တွက်ကြည့်လို့ရပါတယ်တဲ့နော်။

အမေရိကန် Mayo Clinic က တွက်နည်းလေးကို ပြန်မျှဝေပေးမယ်နော်။

မေမေ့အရပ်နဲ့ ဖေဖေ့အရပ်ကို လက်မဖွဲ့ပြီးပေါင်းပါ။

  • သားသားဆိုရင် ၅ လက်မ ပေါင်းပါ။
  • မီးမီးဆိုရင် ၅ လက်မ နုတ်ပါ။

ရလာတဲ့ အဖြေကို နှစ်နဲ့ စားပါ။

ဥပမာ ဆိုရင် –

  • ဖေဖေ့အရပ်- ၅ပေ ၅လက်မ ဆိုတော့ ၆၅ လက်မ
  • မေမေ့အရပ်- ၅ပေ၂လက်မ ဆိုတော့ ၆၂ လက်မ

ပေါင်းရင် ၁၂၇ လက်မ
သားသား အတွက်ဆို ၅ ပေါင်းရင် ၁၃၂ လက်မ
၂ နဲ့စားတော့ ၆၆ လက်မ ဆိုတော့ ၅ ပေ ၆ လက်မ လောက် ဖြစ်နိုင်တာပေါ့

မီးမီး အတွက်ဆို ၅ နုတ်ရင် ၁၂၂ လက်မ
၂ နဲ့စားတော့ ၆၁ လက်မ ဆိုတော့ ၅ ပေ ၁ လက်မ ဝန်းကျင် လို့ ခန့်မှန်းနိုင်ပါတယ်။

အတိအကျကြီး မဟုတ်ပေမဲ့ ဒီနည်းနဲ့ ကြိုတင် ခန့်မှန်းလို့ ရတာပေါ့နော်။ ဒါပေမဲ့ မိမိရင်သွေးလေးကို နည်းစနစ်တကျ ကျွေးမွေးစောင့်ရှောက်ပေးမယ်၊ လေ့ကျင့်ပေးမယ်ဆို အရပ်ဆိုတာ ငယ်ရွယ်တဲ့ အချိန်ကနေ ပြောင်းလဲလို့ရနိုင်ပါသေးတယ်နော်။

en_US