ကလေးတွေမှာ ဝမ်းချုပ်တာ အဖြစ်များလာပါတယ်။

ဝမ်းချုပ်တာ ကြာလာမယ်ဆိုရင် ကလေးမှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿ နာတွေ ဖြစ်လာစေနိုင်တယ်။

ဒါကြောင့် မေမေလည်း မေမေ့ရဲ့ကလေး ပုံမှန်ဝမ်းသွားရဲ့လားဆိုတာ သတိထား စောင့်ကြည့်သင့်တယ်နော်။

ဘယ်လိုဆို ဝမ်းချုပ်တယ်လို့ ပြောလို့ရလဲ?

ဝမ်းသွားတဲ့ အကျင့်က ကလေးတစ်ယောက်နဲ့တစ်ယောက်မတူတတ်ပါဘူး။

မိခင်နို့ကလွဲပြီး အခြားအစာမစားသေးတဲ့ ကလေးငယ်တွေအတွက် တစ်ပတ် တစ်ကြိမ်ခန့် ဝမ်းသွားတာက ပုံမှန်ပါပဲ။

နို့မှုန့်တိုက်နေတဲ့ ကလေးဆိုရင်တော့ တစ်နေ့မှာအနည်းဆုံး တစ်ကြိမ် ဝမ်းသွားသင့်ပါတယ်။

မိခင်နို့အပြင် အခြားအစာ စားနေပြီဆိုရင်တော့ တစ်နေ့ကို ၃ကြိမ်အထိ ဝမ်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။

အကယ်၍ တစ်ပတ်လုံးမှာ ၃ကြိမ်ထက်နည်းရင်၊ ဝမ်းသွားရခက်ပြီး ဝမ်းမာမာအလုံးလေးတွေ သွားရင်ဝမ်းချုပ်တယ်လို့ ပြောလို့ရပါတယ်။

ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေက..

ကလေးငယ်သေးတဲ့ အချိန်မှာ အစာအိမ် အူလမ်းကြောင်း လုပ်ဆောင်မှု ကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် မိခင်နို့သောက်ရာကနေ အစာ စစားတဲ့ အကူးအပြောင်းမှာ ဝမ်းချုပ်တတ်ပါတယ်။

ဝမ်းချုပ်တာကို သက်သာစေဖို့..

  • မိခင်နို့တိုက်နေတယ်ဆိုရင် မိခင်နို့ကို ပုံမှန်တိုက်နေကျထက် ပိုတိုက်ပေးပါ။ မေမေ အာဟာရမျှတအောင် အစားမရှောင်ပဲ စားပါ။
  • ရေလည်း များများသောက်ပေးပါ။
  • ကလေးကို အစားကျွေးတဲ့အခါ အမျှင်ဓာတ်များတဲ့ အသီးအရွက်၊ အသီးအနှံတွေ ပါအောင် ကျွေးပါ။
  • လိုအပ်ရင်တော့ ဆရာဝန်နှင့်တိုင်ပင်ပြီး ဝမ်းချူတောင့် သို့မဟုတ် ဝမ်းပျော့ဆေး ကျွေးနိုင်ပါတယ်။
  • ကလေးမှာ ဝမ်းချုပ်တာ ခနခန ဖြစ်နေမယ်ဆိုရင်တော့ အခြားရောဂါ အကြောင်းအရင်းတွေဖြစ်နေနိုင်တဲ့ အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့လိုပါတယ်။

ဒါပေမယ့် မေမေ အများစုမှာက အိမ်အလုပ်တွေ၊ တခြားအလုပ်တွေနဲ့ မအားတာအပြင် ဆရာဝန် ခနခနပြဖို့ဆို တကူးတကသွားရတာတွေ၊ လူများရင် အချိန်ကုန်ခံ ထိုင်စောင့်ရတာတွေလဲ ရှိတော့ ကလေး နေထိုင်မကောင်းဖြစ်ကာမှပဲ ဆရာဝန်ဆီ သွားပြနိုင်ကြတယ်။

ဒါကြောင့် ကလေးကျန်းမာရေးမှာ ထိုက်သင့်သလောက် ဂရုစိုက်မှု မရတာတွေ ရောဂါကြိုတင် ကာကွယ်မှုမရှိတာတွေ ဖြစ်လာပါတယ်။

en_US