ကလေးသူငယ်များဟုဆိုလျှင် မွေးကင်းစမှစ၍ ဆယ်ကျော်သက်အရွယ်အထိ ပါဝင်ပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်အောင် ကျန်းမာသန်စွမ်းအောင် အဓိက ထိန်းကျောင်းပေးနိင်ခြင်းက အစာအာဟာရကောင်းမွန်စွာ စားသောက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

မွေးကင်းစအရွယ် ( ၁ လမှ ၆ လ / ၁ နှစ်အထိ )

  • မွေးကင်းစအရွယ် အရေးကြီးဆုံးနှင့် အာဟာရအဖြစ်ဆုံးက မိခင်နို့ တိုက်ကျွေးခြင်းဘဲ ဖြစ်ပါတယ်။
  • ၆ လအထိ မည်သည့်ဖြည့်စွက်စာကိုမျှ ကျွေးခြင်းမပြုလုပ်ဘဲ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။
  • ၆ လနှင့် အထက်တွင် ဖြည့်စွက်စာအဖြစ် အသား၊ ငါး၊ အရွက်များကို အချိုးအစားမျှတစွာ နည်းနည်းချင်းစီ စကျွေးနိုင်ပါတယ်။

လမ်းလျှောက်တတ်ကာစ အရွယ် ( ၁ နှစ်မှ ၄ နှစ် )

  • ကလေးငယ်များကိုလည်း ခန္ဓာကိုယ်ဖွံဖြိုးဖို့ အတွက် အကောင်းဆုံးအချိန်တစ်ခုဖြစ်သလို အစာကျွေးရတာ အခက်ခဲဆုံး အချိန်လည်းဖြစ်ပါတယ်။
  • အဲ့ဒါကြောင့် ကလေးများ အစားအသောက်အတွက် ခုံမင်နေချိန်တွင် အာဟာရ ဖြစ်စေသော အစားအသောက်များကို တစ်ခါတည်းကျွေးလိုက်နိုင်ဖို့က အရေးကြီးပါတယ်။
  • ခန္ဓာကိုယ်ကြီးထွားဖို့ အတွက် အရိုးများသန်စွမ်းဖို့က အဓိကကျတာမို့ ကယ်လ်စီယမ်ပါသော အစားအသောက်များဖြစ်သောနို့၊ ငါး အစာရှိတာတို့ကို ကျွေးနိုင်ဖို့လိုပါတယ်။
  • ထိုချိန်တွင် ကလေးများကို အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများ ( အသီးအရွက်များ) ကို လည်း စပြီး ကျွေးနိုင်ဖို့လိုအပ်ပါတယ်။
  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များက ကလေးများရဲ့ အူလမ်းကြောင်း ရှင်းစေရုံသာမက၊ နှလုံးရောဂါ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
en_US