ကလေးဦးနှောက်ကြီးထွားအောင် ဘယ်လိုအာဟာရ ဓာတ်တွေ လိုအပ်သလဲ ?
ဦးနှောက်က Essential Fatty acid ခေါ်တဲ့ DHA အဆီနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ဦးနှောက်တွေဟာ ပျော့စိစိဖြစ်ရတာပါ။
ဦးနှောက်ဆဲလ်တစ်ခုနှင့်တစ်ခု ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ လျှပ်စစ်စီးဆင်းဖို့လွယ်အောင် အမြှေးပါးနဲ့ဖုံးထားရပါတယ်။
အဲဒီအမြှေးပါးဖြစ်ထွန်းဖို့ လွယ်အောင်အမြှေးပါးနဲ့ ဖုံးထားရပါတယ်။ အဲဒီမမြှေးပါးဖြစ်ထွန်းဖို့ choline ဆိုတဲ့ ဗိုက်တာမင်ဓာတ်လိုပါတယ်။ လျှပ်စစ်စီးဆင်းမှုမြန်လေ ဦးနှောက်အလုပ်လုပ်ရတာ တုံ့ပြန်မှု လုပ်တာမြန်လေ ဖြစ်မှာပါ။
ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုတာက အိုင်အိုဒင်း၊ သံဓာတ်နဲ့ ဗိုက်တာမင်A ဖြစ်ပါတယ်။ အဲဒီဓာတ်၃ ခုကိုလုံလောက်အောင်ပေးရင် IQ ၁၅ မှတ်အထိ တက်တယ်လို့ ဆိုပါတယ်။
ဇင့်သတ္တုဓာတ်ကလည်း ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးကြီးသလို ဝမ်းလျှောဝမ်းပျက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ Probrotics ဆိုတဲ့ လူသားအကျိုးုပြုဘတ်တီးရီးယား ပိုးလေးတွေကလည်း ဝမ်းလျှောဝမ်းပျက်ကို ကာကွယ်ပေးနိုင်ပါတယ်။
Probrotics က ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကို တိုက်ခိုက်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ စစ်သားတွေဖြစ်ပါတယ်။
ဝမ်းလျှောဝမ်းပျက်နည်းရင် အာဟာရချို့တဲ့မှု နည်းမယ်။ ပိုပြီးကြီးထွားမယ်လို့ သွယ်ဝိုက်ပီး ဆိုနိုင်ပါတယ်။
အသက်၂နှစ်မှာမိခင်နို့ဖြတ်ရင် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ ?
- အသက်၂နှစ်အထိ နို့တိုက်ပါလို့ပြောပါတယ်။ နို့ဖြတ်ပါလို့ပြောတာ မဟုတ်ပါဘူး။ ၂နှစ်ကျော်ပြီး နို့တိုက်နေတဲ့မိခင်တွေလည်း ရှိပါတယ်။ အသက်၆လ အထိ မိခင်နို့တစ်မျိုးတည်းနဲ့ အာဟာရလုံလောက်ပါတယ်။
- အသက်၆လက ၁နှစ်အတွင်းမှာဆိုရင် လိုတဲ့အာဟာရရဲ့ တစ်ဝက်သာမိခင်နို့က ဖြည့်တင်းနိုင်ပါတယ်။ ဒါကြောင့်ဖြည့်စွက်စာစကျွေးရတာပါ။
- အသက်၁နှစ်ကျော်ရင် လိုတဲ့အာဟာရရဲ့ သုံးပုံတစ်ပုံကိုသာ မိခင်နို့ကဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒီအရွယ်ကျရင် ပုံမှန်မိသားစုထမင်းဝိုင်းထဲက ထမင်းဟင်းစကျွေးနိုင်ပါပြီ။
- အသက်၂နှစ်ကျရင် မိခင်နို့ထွက်နှုန်း နည်းသွားပါတယ်။ ကလေးကလည်း ဒီပြင်အစားအသောက်တေ ပိုမက် လာတတ်ပါတယ်။
- နောက်ပြီးသားဆက်ခြားစီမံချက်အရ နောက်ကလေးတစ်ယောက်ယူဖို့ ပြင်ဆင်နိုင်တဲ့အချိန်လည်းဖြစ်တော့ နို့ပြတ်သွားတာဖြစ်ပါတယ်။ အမေကလည်းနောက်ကလေး မယူသေးဘူးဆိုရင် ဆက်တိုက်လို့ရပါတယ်။
- မိခင်နို့ထဲမှာခုနက ပြောခဲ့တဲ့ DHA, Choline နဲ့ Probiotic ၃မျိုးစလုံး ပါနေပါတယ်။ အဲဒိ ၃ခုလုံးပါတဲ့ သဘာဝအစားအသောက် မရှိပါဘူး။
ဒါကြောင့်ဆက်တိုက်ပါလို့ အကြံဉာဏ်ပေးတာပါ။