ကိုယ်ခံအားကောင်းတဲ့ကလေးတစ်ယောက်ဖြစ်စေဖို့ဘာတွေလိုအပ်လဲ?
သားသားမီးမီးတို. ချူချာတယ်ဆိုတာ ဖေဖေမေမေတို.အတွက်တော့ စိတ်အပင်ပန်းရဆုံးပါ။
ခဏ ခဏ ဖျားတာ၊နေမကောင်းတာတွေဖြစ်တဲ့အခါ ကြီးထွားရမယ့်နေရာမှာ အားအင်တွေကို မသုံးနိုင်တော့ဘူးပေါ့။
ကိုယ်ခံအားကောင်းတဲ့ အခါ ရောဂါပိုးမွားတွေကို အလွယ်တကူ တိုက်ထုတ်နိုင်မယ်။ ပိုးမွှားတွေ အလွယ်အတကူမကူးစက်နိုင်ဘူး။
ဒါကြောင့် ပျော်ပျော်ရွှင်ရွှင်ကျန်းမာမာနဲ့ ကြီးထွားဖွံ.ဖြိုးနိုင်ပါတယ်။
ဒီလိုကိုယ်ခံအားကောင်းဖို.အတွက်အစားအသောက်၊နေထိုင်မှုပုံစံ နဲ့ကောင်းမွန်တဲ့ ကျန်းမာရေးအမူအကျင့် တွေ အချိုးမျှမျှ ရှိဖို.အရေးကြီးပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီး သဘာဝအတိုင်းကိုယ်ခံအားကို မြှင့်တင်နိုင်တဲ့ အစားသောက်တွေကို (ဥပမာ – ဗီတာမင်ဓာတ်တွေကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်များ၊နွားနို၊ဒိန်ချဉ်) ကလေးတို့ရဲ့နေစဉ်အစားအသောက်တွေထဲမှာ ပါနေအောင် ဂရုစိုက်ပေးရပါမယ်။
အသက်နဲ့လိုက်ဖက်နဲ့ မျှတတဲ့ကိုယ်လက်လှုပ်ရှားမှုလေးတွေလဲလိုအပ်ပါတယ်။
လက်ဆေးပါ။ ကလေးကို စနစ်တကျလက်ဆေးတတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေသင်ပေးပါ။
ကာကွယ်ဆေးနဲ့ကာကွယ်လို့ရနိုင်တဲ့ရောဂါတွေကိုကာကွယ်ဆေးထိုးထားပါ။