ကိုယ်ဝန်ဆောင်နဲ့ အတက်ရောဂါ
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
အတက်ရောဂါရှိသည့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် သိထားအပ်သည့် အချက်အလက်များကို ဖော်ပြလိုက်ပါသည်။
အတက်ရောဂါရှိခြင်းက ကလေးရခြင်းကို ခက်ခဲစေနိုင်သလား ?
အတက်ရောဂါမှာ အသုံးပြုတဲ့ အချို့ဆေးဝါးများသည် ကလေးရခြင်းကို တားဆီးနိုင်ပါသည်။
ထို့အပြင် ထိုဆေးဝါးများသည် သန္ဓေတားဆေး၏ အာနိသင်ကိုပါ လျော့ချပေးပါသည်။
အတက်ရောဂါသည် ကိုယ်ဝန်ဆောင်ချိန်တွင် ကလေးကို ဘာအကျိုးသက်ရောက်မှုတွေရှိသလဲ ?
- ကိုယ်ဝန်ဆောင်ချိန်တွင်တက်လျှင် ကလေး၏နှလုံးခုန်နှုန်းကို နှေးစေသည်။
- ကလေးဆီသို့အောက်ဆီဂျင် ပမာဏ ရောက်ရှိမှု နည်းပါးနိုင်သည်။
- ကိုယ်ဝန်ပျက်ကျနိုင်သည်။
- လမစေ့ပေါင်မပြည့်ဘဲ မွေးနိုင်ပါသည်။
ဆေးဝါးတွေကကော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲ ?
မွေးရာပါ ချို့ယွင်းမှုများဖြစ်သော အာခေါင်ကွဲခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ အရိုး ဖွဲ့စည်းပုံမမှန်ခြင်း၊ မွေးရာပါ နှလုံးရောဂါ စသည်တို့ ဖြစ်စေနိုင်သည်။
ကိုယ်ဝန်ဆောင်မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်သလဲ ?
အတက်ရောဂါသည်များ ကိုယ်ဝန်မဆောင်ခင်တွင် သက်ဆိုင်ရာ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
ဖောလစ်အက်စစ် ကို သောက်သုံးသင့်ပါသလား ?
ဖောလစ်အက်စစ်သည် ဦးနှောက်နှင့်အာရုံကြော ဖွဲ့စည်းမှုမမှန်ခြင်းကို လျော့ချပေးနိုင်သည်။
သို့ဖြစ်ပါ၍ အတက်ရောဂါရှိသောအမျိုးသမီးများ အနေဖြင့် ကိုယ်ဝန်ဆောင်လျှင် ရက်ချိန်းအတိုင်းပုံမှန်ပြသဆွေးနွေးသင့်ပါသည်။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |