ကျန်းမာသောမျက်ဝန်းတစ်စုံပိုင်ဆိုင်ဖို့
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
1. ဖုန်း ကွန်ပျူတာ တီဗီ စသည့် screen တွေ အချိန်များစွာ ကြည့်ရှုခြင်းကိုလျော့ချလိုက်ပါ။
ကွန်ပျူတာ ဖုန်း စသည့် ကို ကြာမြှင့်စွာ စူးစိုက် ကြည့်ရှုခြင်း ဖြင့် screenများမှ ထွက်ပေါ်လာသည့် အပြာရောင်အလင်းများသည် မျက်စိကို ညောင်းညာကိုက်ခဲ ခြင်း ဖြစ်ပေါ်စေပါသည်။
ထို့အပြင်
- အမြင်ဝေဝါးခြင်း
- အာရုံစူးစိုက်ရန်ခက်ခဲခြင်း
- မျက်စိခြောက်သွေ့ခြင်း
- ခေါင်းကိုက်ခြင်း
- လည်ပင်း,ခါး, ပုခုံး ကြွက်သားများကိုက်ခဲနာကျင်ခြင်း
တို့ကိုလည်းဖြစ်ပေါ်စေနိုင်ပါသည်။
2. သင့်၏မျက်မှန်ပါဝါကို အမြဲမပြတ် စစ်ဆေးပြီး ဖုန်း ကွန်ပျူတာ မျက်နှာပြင်ကို သင့်မျက်စိနှင့် တစ်တန်းတည်းဖြစ်သောနေရာတွင်ထား၍ကြည့်ပါ။
3. မျက်လုံးလေ့ကျင့်ခန်း ကိုပြုလုပ်ပါ။
သင့်၏မျက်လုံးကို မိနစ် 20 တိုင်း အဝေးအကွာ ကို 20 second လောက်ကြည့်ပေးခြင်းဖြင့် အနားပေးပါ ။ နစ်နာရီခြားတစ်ခါ မတ်တပ်ခဏရပ် ကိုယ်လှုပ်ရှားမှုပြုလုပ်ပြီး ကွန်ပျူတာရှေ့အချိန်အကြာကြီးထိုင်ရတိုင်း မျက်စိ ကိုခဏ နားဖို့မမေ့ပါနှင့် ။
4. မျက်လုံးအတွက် အားကောင်းစေသော ဗီတာမင်ဓာတ်များပါဝင်သည့် အစားအစာများ
- လိမ္မော်သီး သံပုရာသီး မုန်လာဥနီ
- ဆော်လမွန်ငါး အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ ကြက်ဥ
အစရှိသည်ကို စားပေးပါ။
5. နေ့စဥ်ပုံမှန်လေ့ကျင့်ခန်းလုပ်လှုပ်ရှားသွားလာပါ။
6. နေရောင်ထဲသို့သွားသည့်အခါ မျက်လုံးကို UV အလင်းတန်းများမှ ကာကွယ်ရန် နေကာမျက်မှန်အစရှိသည် ဝတ်ဆင်ပါ။
7. ဆေးလိပ်သောက်ခြင်းသည် သင့်၏မျက်လုံးသာမက အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကိုပါ ထိခိုက်စေနိုင်သောကြောင့်ရှောင်ကြဥ်ပါ။
8.မျက်လုံးခြောက်သွေ့ခြင်း ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ် ရန် ရေများများသောက်ပါ။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |