ကျောက်ကပ်ကျန်းမာရေးကောင်းအောင်ပြုလုပ်သင့်သည့် အချက်များ

ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)

ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ် အတွက် မရှိမဖြစ် အင်္ဂါအစိတ် အပိုင်းတခု ဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးပါက အသက်သေဆုံးသည် အထိဖြစ်နိုင်ပါတယ်။ကျောက်ကပ်ရောဂါကို slient carrier (အသံတိတ်လူသတ်သမား) လို့တင်စားခေါ်ဝေါ်ကြပါတယ်။

အဘယ့်ကြောင့်ဆိုသော် ကျောက်ကပ်နှင့် ဆိုင်သောလက္ခဏာများစတင်ခံစားရပါက ရောဂါ နောက်ဆုံး အဆင့်သို့ ရောက်နေတတ်သောကြောင့်ဖြစ်ပါတယ်။

ထို့ကြောင့် ကျောက်ကပ် ကျန်းမာနေဖို့ အတွက် အောက်ပါ အချက်များကို လုပ်ဆောင်ပေးသင့်ပါတယ်။

1) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် သွေးတွင်း မကောင်းတဲ့ အဆီဓာတ် လျော့နည်းလာစေပြီး သွေးတိုးရောဂါ ဖြစ်ြခင်းမှ ကာကွယ်ပေးသည့်အတွက် သွေးတိုးကြောင့်ကျောက်ကပ်ရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

2) လတ်ဆတ်သော အသီးအနှံ များ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားပါ။
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားခြင်းဖြင့် ဆီးချို ၊သွေးတိုး၊နှလုံးရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါများဖြစ်ခြင်းမှ ကာကွယ်နိူင်ပါတယ်။

နောက်တချက်အနေနဲ့ ဆားကို မိမိ အတွက်လို အပ်သလောက်ပမာဏထက်ပိုစားခြင်းရှောင်ပါ။ လူတစ်ယောက်တနေ့ လို အပ်တဲ့ ဆားပမာဏ သည် 5-6 grams ရှိပါတယ်။

တနေ့တာ လိုအပ်တဲ့ ဆားပမာဏ ကိုတွက်ရာတွင် ဟင်းထဲ ထည့်ချက်တဲ့ ဆား သာမက အစားအသောက်တွေ ၊ ဟင်းချက်ရာတွင်သုံးသော ဟင်းခတ် အမွှေးအကြိုင်များတွင်ပါဝင်သော ဆားပမာဏ ကိုပါ ထည့်တွက်ရပါမယ်။

3) အသတ်လတ်ပိုင်း အရွယ်လောက်မှစတင်၍ ဆီးချို ရှိမရှိ ပုံမှန်စစ်ဆေးပေးပါ။
ဆီးချို ရောဂါ ရှိသူအများစုသည် မိမိကိုယ်ကို ဆီးချို ရှိမှန်းမသိကြပါ။ ဆီးချို ရောဂါရှိမရှိ ပုံမှန် စစ်ဆေးပြီး စောစီးစွာ ကုသလျှင် နောက်ဆက်တွဲ ကျောက်ကပ် ရောဂါ ဖြစ်ခြင်းမှ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။

4) သွေးတိုးရောဂါရှိမရှိ ကိုလဲ ပုံမှန် စစ်ဆေးပေးပါ။
သွေးတိုးရောဂါ၏ အဖြစ်များဆုံး နောက်ဆက်တွဲ ဆိုးကျိုးမှာ နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန် လူတစ်ယောက် ၏ သွေးပေါင်ချိန်မှာ အပေါ်သွေး ၁၂၀ /အောက်သွေး ၈၀ ဝန်းကျင်ရှိပါတယ်။

သွေးတိုး လို့ သတ်မှတ်ဖို့ ရန် အပေါ်သွေး ၁၄၀နှင့် အထက် အောက်သွေး ၉၀ နှင့် အထက် ရှိပါတယ်။အကယ်၍သွေးပေါင် ဟာ ပုံမှန်ထက်ပိုများနေသည်ဟု ယူဆပါက တနေ့တကြိမ် ၁ပတ်လောက်တိုင်းကြည့်ပါ။ ၁ပတ် အတွင်း တိုင်းရာ သွေးပေါင် တက်နေပါက သွေးတိုးရှိသည်ဟု ယူဆနိုင်ပြီး ဆရာဝန်နှင့်ကုသမှု ခံယူပါ။

5) ရေများများသောက်ပါ။
အရွယ်ရောက်ပြီး လူတစ်ယောက်အနေနဲ့ တနေ့ကို ရေဖန်ခွက် ၈ခွက်(၂လီတာ) သောက်သုံးပေးသင့်ပါတယ်။ရေသောက်ခြင်းကြောင့် ကျောက်ကပ်ရောဂါ သာမကကိုယ်ခန္ဓာအတွက်ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။

6) ဆေးလိပ် သောက်ခြင်းကို ရှောင်ကြဉ်ပါ။
7) အကိုက်အခဲ ပျောက်ဆေးများ အလွန် အကျွံ သောက်ခြင်းကို ရှောင်ပါ။
8) ဆီးချို၊နှလုံး၊သွေးတိုးနှင့် အဝလွန်ရောဂါရှိသူများ အနေနှင့်ကျောက်ကပ်ဓာတ်များကို ပုံမှန် စစ်ဆေးခြင်းပြုလုပ်သင့်ပါတယ်။

Reference: World kidney day

Name ဒေါက်တာ သဇင်ထက်(ဆေး- ၂)
Degrees M.B.,B.S (ygn)
Biography

အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။

ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Topic
  • အထွေထွေကျန်းမာရေးပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာ
  • မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုစီမံကိန်း
  • သားဆက်ခြားခြင်းနှင့်ပတ်သက်သော အသိပညာများ
    • စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Parami General Hospital, Yangon.
en_US