ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း အကြောင်း သိကောင်းစရာ

ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)

ယနေ့ပြောပြပေးမဲ့ အကြောင်းအရာကတော့ ကျောက်ကပ် နှင့် ဆီးလမ်းကြောင်း အကြောင်း ဗဟုသုတ အနေနဲ့ သိထားသင့်သည်များကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြောပြသွားမဲ့ အကြောင်းအရာတွေကတော့ ကျောက်ကပ်ဆိုတာဘာလဲ။

ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာများ၊ကျောက်ကပ် နှင့်ဆီးလမ်းကြောင်းဆိုင်ရာ အဖြစ်များသော ရောဂါများ အစရှိသဖြင့် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကျောက်ကပ် ဖွဲ့စည်းတည်ဆောက်ပုံ
ကျောက်ကပ်ဟာ လူတစ်ယောက်မှာ ပုံမှန်အားဖြင့် တစုံ ( ၂ခု) ရှိတတ်ပြီး ခါး ဘေး နှစ်ဖက်တွင် တခုစီ တည်ရှိပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာနေစေဖို့ ကျောက်ကပ် က မရှိမဖြစ်လိုအပ်တဲ့ အင်္ဂါ အစိတ်အပိုင်းဖြစ်ပါတယ်။

ကျောက်ကပ်ရဲ့ အဓိကလုပ်ငန်းဆောင်တာများမှာ-

  • ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပရောက်အောင် စွန့်ထုတ်ပေးခြင်း ၊
  • ကိုယ်ခန္ဓာတွင်း အက်စစ် ၊အယ်ကာလီဓာတ်၊ဆားဓာတ်၊ပိုတက်ဆီယမ် ဓာတ်တွေ ညီမျှအောင် ပြုလုပ်ပေးခြင်း၊
  • သွေးပေါင်နှင့်ဆီးချို ဓာတ် ထိန်းညှိဖို့ အတွက်လို အပ်တဲ့ ဟော်မုန်းဓာတ် ထုပ်လုပ်ပေးခြင်း တို့ဖြစ်ပါတယ်။

ကျောက်ကပ် ပျက်စီးစေနိုင်တဲ့ အဓိက ရောဂါတွေဟာ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါနှင့် အခြား နာတာရှည် ရောဂါ တို့ကြောင့်ဖြစ်ပါတယ်။ ကျောက်ကပ် ရောဂါ နောက်ဆုံး အဆင့်ရောက် လျှင် ကျောက်ကပ်ဆေးခြင်း ဖြင့်သာ ကုသလို့ ရပါတယ်။

သို့သော် ကျောက်ကပ်ဆေးခြင်း သည် ရောဂါကို အရှင်းမပျောက်စေဘဲ လူ့သက်တမ်းကို ရှည်အောင်သာ ပြုလုပ်ပေးနိုင်ပါတယ်။

အဖြစ်များသော ကျောက်ကပ်ရောဂါများ တွေကတော့-
နာတာရှည်ကျောက်ကပ်ရောဂါ (chronic kidney disease) ကျောက်ကပ်ရောဂါများထဲတွင် အဖြစ်များသော ရောဂါ ဖြစ်ပြီး သွေးတိုးနှင့်ဆီးချိုရောဂါ တို့ ၏ နောက်ဆက်တွဲ ဆိုးကျိုး ကြောင့် အဓိက ဖြစ်ပါတယ်။

အဓိက ကုသနိုင်တဲ့ နည်းကတော့ ကျောက်ကပ်ဆေးခြင်း ဖြစ်သော်လည်း ရောဂါ ကို အရှင်းမပျောက်ကင်းနိုင်ပါ။နောက်တနည်း အနေနဲ့ လူနာ အခြေအနေပေါ် မူတည်ပြီး ကျောက်ကပ် အစားထိုး ကုသနိုင်ပါတယ်။

2) ကျောက်ကပ် ကျောက်တည်ခြင်း
3) ကျောက်ကပ်ရောင်ခြင်း
4) ရေအိတ်တည်ခြင်း
5) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း တို့ဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါဖြစ်လျှင်ခံစားရသော ရောဂါ လက္ခဏာများ
ကျောက်ကပ်ရောဂါလက္ခဏာတွေဟာရောဂါ အခြေအနေ မဆိုးခင်အထိ မပေါ်လာတတ်ပဲအများအားဖြင့် ရောဂါအခြေအနေ ဆိုးဝါးမှသာ တွေ့ရတတ်ပါတယ်။

အောက်ပါလက္ခဏာတွေက ကျောက်ကပ်ရောဂါကောင့် တွေ့ရတတ်တဲ့ ယေဘုယျ လက္ခဏာများသာ ဖြစ်ပါတယ်။

  • မောပန်းလွယ်ခြင်း
  • အာရုံစူးစိုက်မှုအားနည်းလာခြင်း
  • အိပ်မပျော်ခြင်း
  • ကြွက်တက်ခြင်း
  • ခြေထောက်ဖောရောင်ခြင်း
  • မျက်လုံးတဝှိက် ဖောရောင်ခြင်း
  • ညဘက် ဆီးခဏခဏသွားခြင်း
  • ပျို့အန်ခြင်း
  • သွေးအားနည်းခြင်း
  • ဆီး သွားနည်းခြင်း
  • ဆီးမထွက်တော့ခြင်း
  • အသက်ရှူမဝဘဲ မောခြင်း တို့ဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါ အဖြစ်များသော သူများ မှာ-

  • သွေးတိုးရောဂါ ၊ဆီးချိုရောဂါရှိသူများ
  • မျိုရိုးထဲတွင် နာတာရှည်ကျောက်ကပ်ရောဂါရှိသူများမျိုးရိုး
  • အသက်အရွယ်ကြီးသူများ အစရှိသည်တို့ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော်ကျောက်ကပ်ရောဂါ ခံစားရပါကမိမိရောဂါ အခြေ အနေပေါ် မူတည်ပြီး ဆေးနှင့် ကုသ၍သော်လည်းကောင်း ခွဲစိတ်ကုသ၍သော်လည်းကောင်း ကုသ၍ရသလို ကျောက်ကပ်ဆေးခြင်း၊ကျောက်ကပ်အစားထိုး ကုသခြင်း များဖြင့်လဲ ကုသ၍ရပါတယ်။

ထို့ကြောင့် ကျောက်ကပ်ရောဂါရှိသည်ဟု သံသယရှိပါက တတ်ကျွမ်းသော ဆရာဝန်နှင့် အမြန်ဆုံးသွားရောက် ပြီး တိုင်ပင်သင့်ပါတယ်။

Reference: Healthline

Name ဒေါက်တာ သဇင်ထက်(ဆေး- ၂)
Degrees M.B.,B.S (ygn)
Biography

အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။

ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Topic
  • အထွေထွေကျန်းမာရေးပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာ
  • မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုစီမံကိန်း
  • သားဆက်ခြားခြင်းနှင့်ပတ်သက်သော အသိပညာများ
    • စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Parami General Hospital, Yangon.
en_US