ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းကျောက်တည်ခြင်းအကြောင်းသိကောင်းစရာများ
ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး၂)
ကိုယ်ခန္တာ အတွင်းရှိ ဆားဓာတ်နှင့် အခြား သတ္တုဓာတ်များ(calcium,uric acid,etc) ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း အတွင်း အနည်ထိုင်ပြီး အစိုင်အခဲ ဖြစ်ပေါ်ခြင်းကို ကျောက်တည်ခြင်း (stone) လို့ခေါ်ပါတယ်။
ကျောက်တည်စေသော အချက်များ(Risk factors)
- ထုံးဓာတ်နှင့် ,uric acid များသော အစားအသောက်များ စားခြင်း
- အဝလွန်ခြင်း
- အချို့သောဆေးဝါးများ
- ဖြည့်စွက် ဆေးဝါးတချို့
- လတ်တလော ခွဲစိတ်ထားသူများ ,
- နာတာရှည်ဝမ်းလျှောခြင်း(chronic diarrhoea)
- ရေသောက်နည်း သူများ(dehydration)
- မျိုးရိုးလိုက်ခြင်း(family history) အစရှိသည်တို့ကြောင့်ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ရောဂါ လက္ခဏာများ
ပုံမှန်အားဖြင့် ကျောက်ကပ် အတွင်း ကျောက်ရှိနေခြင်း(renal stone) သည် ရောဂါလက္ခဏာ မပြတတ်ပါ။သို့သော် ကျောက်ကပ်နှင့် ဆီးအိမ် ဆက်ထားသော လမ်းကြောင်း (ureteric stone) တွင်ကျောက်ပိတ်နေပါက အောက်ပါလက္ခာများ ခံစားရနိုင်ပါတယ်။
- ခါးဘေးဖက် နှင့် ခါးနောက်ဖက်တွင် မခံမရပ်နိုင်အောင်စူးပြီးအောင့်ခြင်း(severe sharp pain)
- ဆီးခုံ နားနှင့် ပေါင်ခြံနား အောင့်ခြင်း
- ဆီးသွားလျှင် ဆီးပူ,ဆီးကျဉ် လက္ခဏာများ ခံစားရခြင်း
- ဆီး အရောင် ရင့်ခြင်း(လက်ဖက်ရည်ကြမ်းအရောင် သို့မဟုတ် ကိုကာကိုလာ အရောင်)
- ဆီး အမြုပ်ထခြင်း ၊ အနံ့ဆိုးဆိုးဝါးဝါးနံခြင်း
- ဆီးခဏခဏ သွားချင်သလိုဖြစ်ခြင်း
- ပျို့အန်ခြင်း
- ချမ်းတုန်း ပြီး အဖျားတက်ခြင်း အစရှိသည်တို့ ဖြစ်ပါတယ်။
- ထို့ကြောင့် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတလျှောက် ကျောက်တည် ခြင်းမှ ကာကွယ်ရန်
- ရေဓာတ် မခမ်းခြောက်အောင် ရေများများသောက်ပါ။
- ထုံးဓာတ် နှင့် uric acid ဓာတ် များသော အစားအသောက်၊ ဆေးဝါးများ ရှောင်ပါ။
- ကိုယ်အလေးချိန်လျော့ပါ။
- အဆီအဆိမ့်၊ အငန်လျှော့ပါ။
ဆီးလမ်းကြောင်း ကျောက်တည်ခြင်းဟာ ဖြစ်တတ်တာမို့ ကျောက်ပမာဏသေးလျှင် နာကျင်မှု ဝေဒနာ အရမ်းမခံစားရရင် ရေများများသောက် ခြင်းဖြင်း ဆီးထဲ ကျောက်ထွက် သွားနိုင်ပါတယ်။
သို့သော်…
ဘယ်လိုနေနေ အောင့်တာ မသက်သာ လျှင်
- စူးအောင့်ပြီး ပျို့အန်ခြင်း
- ချမ်းတုန်ဖျားခြင်း
- ဆီးထဲ သွေးပါခြင်း
- ဆီးသွားရခက်ခဲခြင်း အစရှိတဲ့ လက္ခဏာများ ရှိပါက တတ်ကျွမ်းသော ဆရာဝန်နှင့် ရက်ချိန်းယူပြီး ပြသသင့်ပါတယ်။
Reference: www.Mayoclinic.org

Name | ဒေါက်တာ သဇင်ထက်(ဆေး- ၂) |
---|---|
Degrees | M.B.,B.S (ygn) |
Biography | အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။ |
Topic |
စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Parami General Hospital, Yangon. |