ကြက်သွန်ဖြူ ဟာ အူမကြီးကင်ဆာကိုကာကွယ်နိုင်မလား?
ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း
အူမကြီးကင်ဆာဟာ ကမ္ဘာပေါ်မှာ ကင်ဆာကြောင့်သေဆုံးမှ တတိယမြောက်အများဆုံးနိုင်ငံဖြစ်ပါတယ်။
လေ့လာမှုတွေအရအစားအသောက်၊စားသောက်မှုပုံစံ၊ဒါတွေဟာ အူမကြီးကင်ဆာရောဂါဖြစ်ပွားမှု၊ ကင်ဆာဆဲလ်ပျံ့နှံ့မှုမှာအများကြီးအကျိုးသက်ရောက်မှုတွေရှိနေတာ ကြောင့် အသီးအရွက်တွေ၊သဘာဝ ကင်ဆာကာကွယ်မှုဓာတ်တွေ ကိုလေ့လာစမ်းသပ်ခဲ့ကြပါတယ်။
ဒီအထဲမှာမှ ကြက်သွန်ဖြူဟာ ဒီအူမကြီးကင်ဆာဖြစ်ပွားမှုကို လျော့ကျစေတယ်ဆိုတဲ့လေ့လာတွေ့ရှိချက်တွေအများအပြားရှိခဲ့ပါတယ်။
ဒီတော့ ကြက်သွန်ဖြူမှာ ဘယ်လိုဓာတ်တွေပါဝင်ပြီး ၊ ဘယ်လိုကာကွယ်ပေးနေသလဲဆိုတော့
၁။ ကြက်သွန်ဖြူမှာ organosulfur compounds လို့ခေါ်တဲ့ဆာလဖာ ဓာတ်တွေ ရယ် flavonoids ဓာတ်တွေရယ်အများအပြားပါဝင်နေပါတယ်။
၂။ ဆလီနီရန် (selenium)သတ္တုဓာတ်၊ vitamin A၊ vitamin C ၊ arginine ၊ lycopene စတာတွေလဲပါဝင်နေပါတယ်
ဒီပါဝင်တဲ့ ဓာတ်တွေဟာ အူမကြီးကင်ဆာကို ဘယ်လိုကာကွယ်ပေးနိုင်သလဲ။
၁။ ကင်ဆာဖြစ်စေနိုင်တဲ့ ဒီအန်အေ (DNA)ဖြစ်မှုကိုလျော့ချပေးပါတယ်။
၂။ ကင်ဆာဆဲလ် ပွားဖို့ ၊ ကင်ဆာသွေးကြောတွေအသစ်ဖြစ်လာဖို့ ကို လဲ ပိတ်စေပါတယ်
၃။ ကင်ဆာဆဲလ်တွေကို တိုက်ဖို့၊ပျက်ဖို့ လုပ်တဲ့ဇီဝဖြစ်စဉ်တွေကို အားပေးတယ်။
၄။ ကင်ဆာဓာတ်တိုး သတ္တိရှိတဲ့ အဆိပ်အတောက်ဓာတ်တွေကိုလဲ ဖမ်းယူဖျက်ဆီးစေတယ်။
၅။ အဆီဓာတ်ကနေ မကောင်းတဲ့အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးပါတယ်။
ဒါကြောင့်လေ့လာစမ်းသပ်မှုတွေအရ ကြက်သွန်ဖြူကိုနေ့စဉ်စားနေကျ အစားအစာထဲမှာမပါမဖြစ်အနေနဲ့ စားပေးဖို့ တိုက်တွန်းကြပါတယ်။မြန်မာနိုင်ငံမှာတော့ကြက်သွန်ဖြူကို ဟင်းချက်ရင်အဓိကနေနဲ့သုံးနေကြပေမဲ့ အထူးသဖြင့်ဟင်း ဆီသတ် ရန်၊ အနံ့ပျောက်ရန်၊ အနံ့သင်းရန်သာ အများစုအသုံးပြုကြပြီး သီးသန့်စားသုံးသူ ဟာအလွန်နည်းလှပါတယ်။
ဒါ့အပြင်အနံပြင်းတဲ့ ကြက်သွန်ဖြူ ကို လဲ ခံတွင်းအနံ့အသက်မကောင်းတဲ့အတွက် ရှောင်ကြသူ၊မကြိုက်သူလဲအများအပြားရှိပါတယ်။
ဒီတော့စားဖို့အဆင်မပြေဖြစ်နေတဲ့ကြက်သွန်ဖြူကိုဘယ်လိုနည်းလမ်းတွေနဲ့တိုးပြီးစားကြမလဲ?
ကြက်သွန်ဖြူ ဟာလဲ ပင်ကိုအနံ့ရှိတာကြောင့် သူ့တစ်မျိုးတည်းစားတဲ့အခါ အခက်တွေ့နိုင်ပါတယ်ဒါပေမဲ့ အသားဟင်းတွေနှင့်တွဲစားတဲ့အခါမှာတော့ အလွန်လိုက်ရောညီထွေဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။
နောက်တမျိုးအနေနဲ့ မြိတ်အချဉ်ရည် လိုလုပ်ပြီးစားတဲ့အခါမှာလည်းအလွန်စားမြိန်တာတွေ့ရနိင်ပါတယ်။
အသားကင်ဆိုင်သို့မဟုတ်စားသောက်ဆိုင်တွေမှာအသားကိုဆလပ်ရွက်နဲ့ထုတ်စားတဲ့အခါမှာလည်းကြက်သွန်ဖြူထည့်စားလျှင်အလွန်အရသာရှိပါတယ်။
ပျားရည်၊သို့မဟုတ်ရှာလကာရည် တို့နှင့်စိမ်၍လည်း အချဉ်စိမ်သနပ်အနေနဲ့လည်းစားနိင်ပါတယ်။
စားပြီးသွားရင် သွားတိုက်ခြင်းက သင့်ကို ခံတွင်းအနံ့ပြင်းမှုကို ပျောက်ကင်းစေနိုင်ပါလိမ့်မယ်။
ဒါကြောင့် အခုလို stay at home ကာလတွေမှု အပြင်သွားစရာ အထွေအထူးမရှိရင် အိမ်မှာထမင်းစားရင်ကြက်သွန်ဖြူလေးတွေကို တိုးစားရင် အူမကြီးကင်ဆာကိုတစ်ဖက်တစ်လမ်းကနေကာကွယ်ကြရအောင်နော်။

ဒေါက်တာ စိုးမြင့်ဝင်း
M.B.B.S (YGN)
Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
- အထွေထွေကျန်းမာရေးဆိုင်ရာ
- ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
- မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
- ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
- ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
- အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
- အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။
Parami General Hospital, Yangon