ခါးနာခြင်းကိုဘယ်လိုကုသလို့ရမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
အိမ်တွင်ကုသမှု
ခါးစနာပြီး ၃ရက်အတွင်းမှာတော့ မိမိဘာသာ အိမ်တွင် အနားယူပြီးစောင့်ကြည့်နိုင်ပါတယ်။ ၃ရက်ကျော်သည်အထိမပျောက်လျှင်တော့ ကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်ပါတယ်။ သင်၏နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ခြင်းမှခဏတာအနားယူပါ။ ပြီးလျှင် ခါးနာသည့်နေရာကို ရေခဲကပ်နိုင်ပါတယ်။
များသောအားဖြင့် ပထမ၂-၃ရက်အတွင်းရေခဲကပ်ခိုင်းပြီး ၃ရက်နောက်ပိုင်းကိုတော့ ရေနွေးအိတ်ပြောင်းကပ်နိုင်ပါတယ်။ ရေခဲတစ်လှည့် ရေနွေးတစ်လှည့်ပြောင်းကပ်ခြင်းဟာကြွက်သားတောင့်တင်းခြင်းကိုဖြေလျော့စေပါတယ်။
Tylenol, Ibuprofen (အစာအိမ်အတွက်ရေရှည်မကောင်းပါ။)တို့ ကိုလည်းအနာသက်သာအောင်ညွှန်ကြားချက်အတိုင်းသောက်သုံးနိုင်ပါတယ်။
ဆေးဝါးဖြင့်ကုသမှု
ခါးနာခြင်းကိုဖြစ်စေသောရောဂါအမျိုးမျိုးရှိပါတယ်။ အသက်ကြီး၍အရိုးအဆစ်များယိုယွင်းလာခြင်း၊ကြွက်သားထိခိုက်မိခြင်း၊ နာဗ်ကြောယောင်ခြင်း၊ ပင်မကျောရိုးနာဗ်ကြောညှပ်ခြင်း၊ ပိုးဝင်ခြင်း၊ ကျောက်ကပ်ရောဂါစသည်တို့ကြောင့်လည်းခါးနာနိုင်သည်။
မိမိ၏ရောဂါနှင့်လက္ခဏာပေါ်မူတည်ပြီးဆေးဝါးကုသမှုခံယူနိုင်သည်။ ဥပမာ ကြွက်သားဖြေလျော့သောဆေးများ၊ NSAID ပါဝင်သောဆေးများ၊ Codeine ပါဝင်သောအနာသက်သာဆေးများ၊ Steroid ပါဝင်သောဆေးများဖြင့်ရောဂါပေါ်မူတည်၍ကုသနိုင်ပါသည်။
ဆေးဝါးကုသမှုခံယူသော်လည်းမသက်သာပဲ အလွန်အမင်းနာကျင်နေပါက ရောဂါပေါ်မူတည်၍ခွဲစိတ်မှုပြုလုပ်ကောင်းပြုလုပ်နိုင်သည်။
ဘယ်လိုကာကွယ်ကြမလဲ။
- ဝမ်းဗိုက်နှင့်နောက်ကျောကြွက်သားများသန်မာအောင်လေ့ကျင့်ခန်းလုပ်ပါ။
- အဝလွန်ပါကဝိတ်လျော့ပါ။
- ကိုယ်ခန္ဓာအနေအထားမှန်ကန်စွာနေပါ။
- ခါးနာနေလျှင်ဖိနပ်အမြင့်စီးခြင်းကိုရှောင်ရှားပါ။
- nicotineသည် ကျောရိုးဆစ်များနှင့်သွေးလှည့်ပတ်မှုကိုထိခိုက်စေသည့်အတွက်ဆေးလိပ်သောက်ခြင်းကိုရှောင်ရှားပါ။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |