ခေတ်သစ်မေမေတွေ သိထားသင့်တဲ့ မီးခိုးထဲက ကာဗွန်မိုနောက်ဆိုဒ်အကြောင်း

ခေတ်သစ်မေမေတို့ရေ၊ မနေ့က လူမှုကွန်ရက်ပေါ်မှာ မီးစက်မီးခိုးကြောင့် ကလေးငယ်လေးတွေ ရုတ်တရက်ဆေးရုံတင်လိုက်ရတဲ့ သတင်းကြောင့် ရုတ်တရက် “ ငါ့သားလေးတွေ၊ သမီးတွေများဖြစ်ခဲ့ရင် “ ဆိုတဲ့ အတွေးလေးတွေများဝင်သွားကြလား မသိဘူးနော်။

ဒီနေ့မှာတော့ ကျမတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မီးခိုးငွေ့တွေထဲမှာ ပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ကာဗွန်မိုနောက်ဆိုဒ် အကြောင်းကို YinThway ကနေ ပြန်လည်မျှဝေပေးပါရစေ ။

များသောအားဖြင့် ဒီ ဓာတ်ငွေ့ဟာ လူတွေကို အသံတိတ်သေစေတဲ့အထိဆိုးကျိုးတွေ ကို ဖြစ်ပေါ်စေနိုင်ပါတယ်။များသောအားဖြင့် ခြင်ဆေးခွေတွေ၊ အမွှေးတိုင်ထွန်းတာတွေ၊ မီးလင်းဖိုတွေထဲက နေတဆင့် ထွက်လာတတ်သလို လောင်စာကိုအသုံးပြုရတဲ့ ဘွိုင်လာတွေ နဲ့အပူပေးစက်တွေကနေလည်းထွက်လာတတ်ပါတယ်။ အရောင်မရှိ၊ အနံ့မရှိတဲ့ ဓာတ်ငွေ့မို့ ကာဗွန်မိုနောက်ဆိုဒ်ထွက်နေတာကို လူတိုင်းအလွယ်တကူမသိနိုင်ပါဘူး။

ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခဲ့ပြီဆိုရင် ရှေးဦးစွာ

  • စိတ်တွေရှုပ်ထွေးလာတာ
  • ခေါင်းကိုက်တာ
  • မူးဝေအော့အန်တာ
  • ရန်လိုတာ
  • ဝမ်းလျှောတာစတာတွေအပြင် ပြင်းထန်လာရင်တော့
  • အသက်ရှုရခက်ခဲတာ
  • အသားအရေတွေ ပြာနှမ်းလာတာ တွေအထိဖြစ်နိုင်ပါတယ်။

တကယ်လို့ ဘေဘီလေးတွေအပါအဝင် မိမိပတ်ဝန်းကျင်က လူတွေကာဗွန်မိုနောက်ဆို ဒ်အဆိပ်သင့်တယ်လို့ယူဆခဲ့ရင် 911 ကို ချက်ချင်းဖုန်းခေါ်ဆိုပါ။

  • လူနာကို ချက်ချင်း အဆိပ်သင့်တယ်လို့ ယူဆရတဲ့ နေရာက ချက်ချင်းပြောင်းရွှေ့ပေးပါ
  • လေကောင်းလေသန့်ရအောင်ရှူခိုင်းပါ။
  • အသက်ကို ဖြေးဖြေးမှန်မှန်ရှူဖို့ အားပေးစကားပြောပြီး အရေးပေါ်ကားလာနေပြီဖြစ်ကြောင်းပြောပါ။
  • အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး လိုအပ်ပါက အရေးပေါ်အသက်ကယ်CPR နည်းတွေ ကို ဆောင်ရွက်ပေးပါ။
en_US