ခေတ်သစ်မေမေ တွေ စိတ်ပူတတ်ကြတဲ့ အိမ်ခန်းထဲက အဲယားကွန်း(လေအေးပေးစက်)
ခေတ်သစ်မေမေတို့ရေ ….
အခုလို ပူပြင်းလှတဲ့ နွေရာသီကို ရောက်ရှိလာပြီဆိုရင် ဘေဘီလေးတွေ နွေအပူကို အံတုနိုင်ဖို့ အဲယားကွန်းတို့ ဝယ်ယူကြပေမယ့် ဘေဘီလေးတွေဟာ နုနယ်လွန်းတာကြောင့် အဲယားကွန်း နဲ့ တည့်ပါ့မလား ၊ အရမ်းအေးလွန်းရင် ဘေဘီလေးတွေ ကျန်းမာရေး ထိခိုက်ကြမလား စိုးရိမ်တတ်ကြပါတယ်။
ဒါ့ကြောင့် ခေတ်သစ်မေမေ တို့အတွက် YinThway ကနေ ဒီအကြောင်းအရာလေးကိုပြောပြပေးပါရစေ ။ ကလေးကျန်းမာရေးပညာရှင်တွေကတော့ အဲယားကွန်း ဟာ ကလေးငယ်တွေအတွက် မိတ်ဆွေလို့ပြောလို့ရပေမယ့် အဲယားကွန်း သုံးမယ်ဆို ဒီအချက်လေးတွေကို ဂရုစိုက်သင့်ပါတယ်တဲ့။
ဘေဘီလေးတွေဟာ အပူချိန်နည်းနည်းလေးအပြောင်းအလဲရှိသွားရင်တောင် ထိရှလွယ်တာကြောင့် အဲယားကွန်းကို ပုံမှန် အနေအထားမှာထားပေးဖို့ ဂရုပြုပါနော်။ အကောင်းဆုံးကတော့ အဲကွန်းကို ၂၇ ဒီဂရီ နဲ့ ၂၃ ဒီဂရီ ဆဲလ်ဆီးယပ် မှာ ထားပေးပါနော်။
ဘေဘီလေးတွေဟာ အဲကွန်းလေရဲ့ အအေးဒဏ်ကို တိုက်ရိုက်ခံနိုင်ရည်မရှိတာကြောင့် နေမကောင်းဖြစ်နိ ုင်ပါတယ်နော်။အဲကွန်း လေအေးကို ခံနိုင်ရည်ရှိတဲ့အဝတ်အစားလေးတွေကိုရွေးချယ်ဝ တ်ဆင်ပေးပါနော်။ အညာစောင်၊ချည်စောင်ပါးပါးလေးတွေကို ဘေဘီလေးတွေအတွက် ခြုံပေးတာလည်းလုပ်ပေးနိုင်ပါတယ်နော်။
အဲကွန်းခန်းထဲ နေတဲ့အတွက် ဘေဘီလေးတွေရဲ့ အသားအရေတွေ မွဲခြောက်လာနိုင်ပါတယ်နော်။ ဒါ့ကြောင့် ဘေဘီလေးတွေရဲ့ အသားအရေတွေကို အစိုဓာတ်ပြည့်ဝနေအောင် baby moisturizerလေး ပုံမှန်လိမ်းပေးပါနော်။အဲကွန်းကြောင့် အသားမခြောက်ရလေအောင် ရေကို ပန်းကန်လုံးအကြီးတစ်ခုထဲမှာထည့်ပြီး အဲကွန်းနားမှာ ထားပေးလို့ရပါတယ်ရှင် ။
အဲကွန်းကို အမြဲ ပြုပြင်ထိန်းသိမ်းပေးပါနော်။ဘေဘီလေးအတွက် အဲကွန်းက သက်တောင့်သက်သာဖြစ်စေပေမယ့် အဲကွန်းဆန်ကာ(AC filter ) ဟာ ဖုန် နဲ့ အညစ်အကြေးတွေကိုစုပ်ယူထားနိုင်တဲ့အတွက် ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့် အဲကွန်း ကို ပုံမှန်စစ်ဆေးဖို့ နဲ့ ပုံမှန် သန့်ရှင်းပေးဖို့ဂရုစိုက်ဖို့ အကြံပေးပါရစေရှင်။