ခံတွင်းနှင့် လည်ချောင်း အတွင်းမှ အပူနာများ
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
အပူနာများ အာခေါင်ခံတွင်းနှင့် လည်ချောင်း အဝနား တဝိုက်တွင် ဖြစ်ပေါ်ခြင်းကို ကိုယ်တိုင် ကြုံဖူးကောင်းကြုံဖူးပေလိမ့်မည်။ အစာမြိုရခက်ခဲခြင်း၊ အပူအစပ်များစားမိပါက အလွန်အမင်းနာကျင်ခြင်း၊ အစားအသောက်ပျက်ခြင်းတို့ဖြစ်လာတတ်သည်။ အဖြူအဖုလေးပြည်ဖုအသေးစားများသည် နှုတ်ခမ်းအတွင်း တဝိုက် သို့မဟုတ် အာခေါင်အတွင်း တို့အပြင် လျှာကွဲနာများပါ တွဲလျက်ဖြစ်ပွားလေ့ရှိသည်။
ဤသည်ကို mouth ulcers ဟု ခေါ်၍ လူအတော်များများတွင် စိတ်ဖိစီးမှု များလွန်းသောအခါတွင် ထွက်လာတတ်သည်။
ထို mouth ulcers ဟုခေါ်သော အပူနာများသည် အလိုအလျောက်ပြန်သက်သာသွားတတ်သော်လည်း ထွက်နေစဉ်အတောအတွင်းတွင် နာကျင်ခြင်းကို အလွန်အမင်းခံစားရလေ့ရှိသည်။ အရပ်ထဲတွင်မူ genelog ဟုခေါ်သော ခံတွင်းလိမ်းဆေးကို အသုံးပြုလေ့ရှိကြသည် အခြားသုံးနိုင်သော နာကျင်ခြင်း သက်သာစေသော လိမ်းဆေးများမှာ Dentogel Zytee gel Quadrigel အစရှိသည်တို့ဖြစ်ကြသည်။
တနေ့သုံးကြိမ်အသုံးပြုပေးလျှင် အတော်သက်သာသည်။ ခံတွင်းအတွင်းသို့လိမ်းဆေးထည့်ရာတွင်လည်း တတ်နိုင်သမျှ လက်ကို ဆပ်ပြာနှင့်သန့်နေအောင်ဆေးပါ နားကြပ်တံဂွမ်းတံကဲ့သို့ ဂွမ်းတံအသန့်ဖြင့် အနာဖြစ်သောနေရာသို့ဖြေးညှင်းစွာထည့်ပေးရမည်။ ထို့ပြင် ကလေးငယ်များတွင် ထိုကဲ့သို့အပူနာများဖြစ်ပေါ်လာပါက ခံတွင်းသန့်ရှင်းရေးကိုပါ အထူးဂရုစိုက်ပေးရမည်။
ခံတွင်းသန့်ရှင်းရေးလုပ်ရာတွင် အဝတ်သန့်သန့်အား ရေနွေးစိမ်၍ မိခင်၏ လက်ညှိုးတွင် ပတ်ကာ ကလေး၏ ခံတွင်းထဲသို့ တနေ့ နှစ်ကြိမ်သို့မဟုတ်သုံးကြိမ် သန့်ရှင်းရေးလုပ်ပေးပြီးမှ ဆေးထည့်လျှင်ပိုမိုထိရောက်သည်။
အသက်ကြီးသောကလေးများနှင့် လူကြီးများတွင် mouth wash ဟုခေါ်သော C20 gargle ကို တနေ့နှစ်ကြိမ် မနက် သို့မဟုတ် ညနေ နှစ်ကြိမ်အသုံးပြုပေးခြင်းဖြင့် အပူနာများကို ပို၍သက်သာစေနိုင်သည်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |