ချောင်းဆိုးတိုင်း TB ဖြစ်နိုင်သလား ?? ကလေးတီဘီက တော်တော်အဖြစ်များသလား?
ချောင်းဆိုးတိုင်း တီဘီရောဂါလို့ ပြောလို့ မရပေမယ့် ကလေးတီဘီကတော့ အဖြစ် များပါတယ်၊ မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ အလွယ်တကူလည်း ကူးစက်တတ်ပါတယ်။
အပြင်းထန်ဆုံး တီဘီရောဂါတွေဖြစ်တဲ့ တီဘီဦးနှောက်အမြှေးရောင် တစ်ကိုယ်လုံးပျံ.တဲ့ တီဘီတို့ဟာ ကလေးငယ်လေ ပိုအဖြစ်များလေဖြစ်ပါတယ် ။
ကလေးတွေကိုဘယ်လိုကူးစက်ပါသလဲ?
တီဘီရောဂါရှိတဲ့လူကြီးတွေရဲ.အဆုတ်ထဲမှာ အနာဖြစ်ကြတယ် ။ လိုဏ်ခေါင်းပေါက်လိုဂူပေါက်တွေဖြစ်နိုင်တယ် ။ အဲ့ဒီ့လူကြီးတွေက ချောင်းဆိုးလိုက်တဲ့အခါ ထောင်ပေါင်းများစွားသော တီဘီပိုးတွေဟာသလိပ်ထဲမှာပါလာတယ် ။လေထဲမှာပျံ့လွင့်နေတယ် ။ ဒီ တီဘီပိုးတွေကို တစ်နည်းနည်းနဲ.ကလေးရဲ. နှာခေါင်းတွေ၊ ပါးစပ်တွေကနေဝင်သွားတဲ့အခါ တီဘီရောဂါကူးစက်ခံရပါတယ် ။
ကလေးတစ်ယောက်ဘယ်အခါမှာ တီဘီရောဂါရှိတယ်လို့သံသယဖြစ်ပါသလဲ?
အောက်ပါအချက် သုံးချက်ထဲက နှစ်ချက်ရှိလျှင် တီဘီရောဂါသံသယရှိတဲ့ကလေးလို.သတ်မှတ်နိုင်ပါတယ် ။
- သုံးပတ်ထက်ပိုပြီးတော့ဖျားနေလျှင်၊ ချောင်းဆိုးနေလျှင်၊
- ကိုယ်အလေးချိန်မတက်လျှင် (သို့မဟုတ်) ကျသွားလျှင်၊
- တီဘီရောဂါသံသယရှိသူ သို့မဟုတ် ရောဂါရှိနေတာသေချာသူ လူကြီးတစ်ဦးဦးနှင့်နီးစပ်လျှင်
အားလုံးမှာတော့ အထွေထွေ တီဘီလက္ခဏာတွေဖြစ်တဲ့
- ပိန်သွားတာ
- အစားအသောက်ပျက်တာ
- ညဘက်မှာခေါင်းချွေးထွက်တာတွေ ရှိနိုင်ပါတယ် ။
ဘယ်အခါမှာကလေးတစ်ယောက်ကို တီဘီရောဂါပိုးရှိနေပြီလို.သတ်မှတ်မလဲ? ကလေးကိုတီဘီဆေး တွေပေးရင် အန္တရာယ်မရှိဘူးလား?
ဆေးတိုင်းမှာမလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါကြောင့်တီဘီဆေးမှာလည်း မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါပေမယ့်ကလေးရဲ.ကိုယ်အလေးချိန်နဲ.တိုင်းတာပြီးပေးတာဖြစ်လို. အန္တရာယ်ပေးနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေ.ရတာတော်တော်ရှားပါတယ် ။
ရောဂါပိုးတွေက ဆေးကို ယဉ်ပါးသွားနိုင်ပါတယ် ဒီတစ်ခါမှာတော့အင်မတန်အန္တရာယ်ကြီးမားတဲ့ဆေးမတိုးတဲ့ တီဘီ (Multidrug-resistant TB) ဖြစ်သွားနိုင်ပါတယ် ။
ဒါကြောင့်ဆေးကိုမပြတ်အောင် သောက်ဖို.အရေကြီးပါတယ် ။
တီဘီ ရောဂါ ပိုး ကူးစက် ခံရ မခံရ ကို ဘယ်လို သိနိုင်မလဲ?
နီးစပ်ရာ ဆေးရုံ ဆေးခန်းကို သွားပြီး ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လိုအပ်လျှင် သလိပ်ပိုးကို စစ်ပေးဖို့လိုပါမယ်။ အကယ်၍ ဆေးရုံ ဆေးခန်းနဲ့ နီးစပ်ရာ နေရာ တစ်ခု မဟုတ်ပါက ရင်သွေး call center က ဆရာဝန်များနဲ့ သေသေချာချာ ဆွေးနွေး တိုင်ပင်ဖို့အတွက် အကြံပေးပါရစေ။