ခြင်ကိုက်ဖုတွေကြောင့် ဘေဘီလေးတွေကို အကျဉ်းမတန်စေချင်

အခုလိုနွေရာသီရောက်ပြီဆိုတာ နဲ့ ဖုန်ကထူ ၊ နေကပူ ၊ မီးကပြတ်ဆိုတော့ သားသားလေး အိပ်ရေးဝဝ အိပ်လို့ရအောင် နည်းအမျိုးမျိုးသုံးပြီး ကြံစည်ရတာကလား။ အိမ်ထဲမှာ အားအားယားယား ရှိနေတဲ့ ရန်သူတော်တွေ ရန်ကလည်း သားသား ကို ကာကွယ်ပေးရသေးရဲ့ ။

ရန်သူတော်ဆိုလို့ တခြားမဟုတ်ပါဘူး ခြင်တွေပါတော်ရေ့ ။ သားသားက ငယ်သေးတော့ ခြင်ဆေးတို့ ဘာတို့ မထွန်းရဲဘူး ၊ကလေးရောဂါ ဖြစ်မှာစိုးလို့ နားစရာ။ မီးပြတ်ပြီဟေ့ဆိုတာနဲ့ မြန်မာ့ရိုးရာ နှီးယပ်တောင်တစ်ချောင်း နဲ့ သားသားကို ပေါင်ပေါ်တင်ပြီး ခပ်ပေတော့ပဲ ။

ဒီလောက်ဂရုစိုက်တောတောင် တစ်ခါတစ်လေ အလစ်ကို ခြင်ဆော်သွားရင် ကျွန်မ သားလေး အရေပြားပေါ်မှာ အဖုတွေပေါ်လာရော။ ခြင်ကိုက်ဖုတွေ နီရဲပြီး အရမ်းယားလွန်းလို့ ငိုနေတဲ့ သားသား မျက်နှာက ကျွန်မ ရင်ကို မီးစနဲ့ထိုးနေသလိုပဲ ။

ခြင်ကိုက်ဖုတွေ ကုတ်တာ ကုတ်တာဆိုတာလည်းကြောက်စရာ။ပြီးရင် အမာရွတ်တွေ က တော်တော်နဲ့ မပျောက်တော့ဘူး။ ထွေးညိုတော့ ညစ်ပြီးရင်းညစ် ခြင်ကိုက်ဖုတွေကြောင့် င့ါသားလေးရုပ်ဆိုးရင်ခက်ရချည့်ပေါ့ ။

တော်သေးတယ် ဒီနောက်ပိုင်း Yin Thway Call Center မှာ Member ဝင်ထားတော့ သားလေးရဲ့ တော်တော်ဆိုးဆိုးဖြစ်နေတဲ့ ခြင်ကိုက်ဖုတွေ အတွက် ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးမိလိုက်တယ်။ ကိုယ်တွေ သိခဲ့သလောက်အကြောင်းအရာလေးတွေကို ခေတ်သစ်မေမေ တွေအတွက် ပြန်ပြီး ဖောက်သည်ချမယ်နော့်။

  • တကယ်လို့ ခြင်ကိုက်ခံရတယ်ဆိုတာသိသိခြင်း မှာ ကလေးငယ်ရဲ့ ခြင်ကိုက်ခံထားရတဲ့ နေရာကို သန့်ရှင်းပေးပြီး ရေခဲလေးကပ်ပေးပါနော်။ ရေခဲကပ်ပေးတာက ခြင်ကိုက်ဖုထွက်မလာအောင် နဲ့ ယားယံတာတွေမဖြစ်ဖို့ ကာကွယ်ပေးပါတယ်တဲ့။
  • ခြင်ကိုက်ဖုတွေ ထွက်ပြီး ကလေးယားနေပြီဆိုရင်တော့ ကာလာမိုင်း(calamine lotion ) လေးလိမ်းပေးပါနော် ၊ အရမ်းဆိုးတဲ့အနေအထားဖြစ်ရင်တော့ ဟိုက်ဒြိုကော်တီဆုန်း ( hydrocortisone cream) ကို ဆရာဝန် ညွှန်ကြားချက် နဲ့လိမ်းပေးနိုင်ပါတယ်တဲ့။
  • ခြင်ကိုက်ဖုတွေယားနေပြီဆိုရင် ကလေးက ကုတ်တတ်တဲ့အတွက် ကလေးရဲ့ လက်သည်းလေးတွေကို တိုတို ညှပ်ပေးဖို့ မမေ့ပါနဲ့နော်။ ခြင်ကိုက်ဖုတွေကို ကုတ်လိုက်၊ဖဲ့လိုက်တဲ့အခါ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီးပိုးဝင်တာတွေဖြစ်နိုင်ပါတယ်တဲ့။

တကယ်လို့ ကလေးက သိတတ်၊စကားပြောတတ်တဲ့ အရွယ်ရောက်ပြီဆိုရင်တော့ ခြင်ကိုက်ဖုတွေကို မကုတ်ဖို့ သေချာနားလည်အောင်ပြောပေးပါ။

ခြင်ကိုက်ဖုတွေကို ကုသရုံနဲ့ မပြီးသေးဘူးနော်။ခြင်ကိုက်ခံရပြီးနောက်ပိုင်းမှာ ကလေး ရဲ့ အခြေအနေတွေကိုလည်း အမြဲစောင့်ကြည့်နေပါနော်။

ကလေးက အော့အန်တာ၊ မူးဝေတဲ့ လက္ခဏာ တွေပြတာ ၊ ဖျားတာ တွေဖြစ်လာတာနဲ့ ဆေးရုံဆေးခန်းတွေကို ချက်ချင်းသွားပြပါနော်။သွေးလွန်တုတ်ကွေး ၊ ငှက်ဖျားနဲ့ ရာသီတုတ်ကွေး စတာတွေဟာ ခြင်ကိုက်တာတွေကနေ ကူးစက်တာဆိုတာကို အမြဲသတိရပါတဲ့။

en_US