ခြေဖနောင့်အရွတ်ပြဲခြင်းအကြောင်း
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
ခြေဖနောင့်အရွတ်ပြဲခြင်းသည် အားကစားသမားများ၊ ကိုယ်လက်လှုပ်ရှားမှုအပြင်းအထန်လုပ်သူများတွင်ဖြစ်ပွားလေ့ရှိသည်။ ထို့အပြင် ချော်လဲခြင်း ထိခိုက်မိခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါသည်။
အရွတ်ပြဲပြီဆိုလျှင် ထောက်ခနဲအသံကြားနိုင်ပြီးရုတ်တရက်နာကျင်ခြင်းကိုခံစားရနိုင်ပါသည်။
ဘယ်လိုလက္ခနာတွေခံစားရမလဲ။
- ခြေသလုံးကိုရုတ်တရက်ကန်ခံရလိုခံစားရခြင်း
- ရုတ်တရက်ပြင်းထန်စွာနာကျင်ခြင်း
- ခြေဖနောင့်နောက်တွင်ရုတ်တရက်ယောင်ပြီးဖောင်းလာခြင်း
- ရုတ်တရက်မတ်တပ်မရပ်နိုင်ခြင်း
ဘယ်သူတွေမှာအများဆုံးဖြစ်နိုင်သလဲ။
အဖြစ်ပွားနိုင်ဆုံးအသက်အရွယ်ကတော့ ၃၀-၄၀တွင်အများဆုံးဖြစ်ကြောင်းတွေ့ရှိရသည်။
လှုပ်ရှားမှုများသောအားကစားများ၊ အမြင့်ခုန်ခြင်း၊ ဘတ်စကတ်ဘောကစားခြင်း၊ ဘောလုံးကစားခြင်း တို့တွင်ထိခိုက်မိရာမှဖြစ်ပွားနိုင်သည်။
ဒူးခေါင်းကို စတီးရိုက်(steroid) ထိုးရာမှ အနီးအနားရှိအရွတ်များအားလျော့လာခြင်းသည်လည်း အရွတ်ပြဲခြင်းကိုအလွယ်တကူဖြစ်စေနိုင်သည်။
အဝလွန်သည့်သူများတွင်လည်းဖြစ်ပွားနိုင်သည်။
ဘယ်လိုကာကွယ်နိုင်မလဲ။
ခြေသလုံးကြွက်သားဖြေလျော့ခြင်းလေ့ကျင့်ခန်းကိုပြုလုပ်နိုင်သည်။
ပြင်းထန်သောလေ့ကျင့်ခန်းအစား လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းများပြုလုပ်နိုင်သည်။
အပြေးလေ့ကျင့်ခန်းလုပ်လျှင်မညီညာသောမျက်နှာပြင်များကိုရှောင်ရှားပါ။
ဖြစ်လာရင်ဘယ်လိုကုသမလဲ။
နီးစပ်ရာသို့သွား၍ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ။
- အနားယူခြင်း
- ရေခဲကပ်ခြင်း
- အကိုက်အခဲပျောက်ဆေးသောက်ခြင်း
- ရောဂါအခြေအနေပေါ်မူတည်၍ခွဲစိတ်မှုပြုလုပ်ခြင်း
- အကြောအဆစ်ပြန်လည်သန်စွမ်းအောင်လေ့ကျင့်ခန်းပြုလုပ်ခြင်း
တို့လုပ်ဆောင်နိုင်ပါသည်။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |