ဂျီကျလွန်းတဲ့ ကလေးလေး ဘယ်လိုထိန်းရပါ့
…အား… အရမ်းစိတ်ရှုပ်လာပြီ…နင်တို့ကလဲ တော်တော်ဂျီကျ…
…ဟား…သမီးရေ ငြိမ်ငြိမ်နေပါဟ…မိန်းမရေ…မင်း သမီးက ဂျီကျလွန်းအားကြီးတယ်ဟေ့…
…အဲဒါ ရှင့်ကလေးပဲလေ…
…relax…relax…relax…
ကဲကဲ…ကွီးတို့ မွီးတို့လို senior ကြီးတွေ သားသားမီးမီးလေးတွေ ပွားစည်လာပြီဆို ဂျီတိုက်လွန်းတဲ့ ဘေဘီလေးတွေနဲ့ အချိန်မရွေး ရေစက်ဆုံနိုင်တယ်နော်…တချို့ဆို ကိုယ်တွေ့တောင် ကြုံချင်ကြုံဖူးနေမှာပါ…
ဒါမျိုးကလဲ ကြုံဖူးမှပဲ တော်တော်စိတ်ရှုပ် စိတ်ညစ်စရာ ကောင်းမှန်းသိတဲ့ ကိစ္စကိုး…
ကိုယ်ချစ်ရတဲ့ ရတနာလေးတွေလဲ ဖြစ်ပြန် ကိုယ်ကလဲ တနေ့လုံး ငွေရေးကြေးရေး လူမှုရေး အစစအရာရာ ပူပန်နေရ…သူတို့ကလဲ အရမ်း ဂျီကျနေရင် တခါတလေမှာ အရမ်းစိတ်မရှည်နိုင်တာ အမှန်ပါပဲ…
ကလေးတယောက်ဆိုးသွားတယ်ဆိုတာ လူကြီးတွေနဲ့ ပတ်ဝန်းကျင်က လုပ်ယူလိုက်တယ်ဆိုတာ မမေ့ပါနဲ့….
ဘယ်လိုတွေထိန်းရမလည်းဆိုတာ ပုံလေတပုံချင်းဆီ ထောက်ပြီးကြည့်ကြည့်ပါ။

ကိုယ့်သားသားမီးမီးလေး ထိန်းမရအောင် ဂျီကျနေပြီ…လူရှေ့သူရှေ့ မှာ ကိုယ်ကလဲ အထင်သေးခံ ထိနေပြီ…
တကယ်တော့ ဂျီကျတယ် ဆိုတာ ၁ နှစ်ခွဲကနေ ၃ နှစ်ထိ ကလေးတွေရဲ့ တုန့်ပြန်မှု တမျိုးပါ…
သူတို့က သူတို့လိုချင်တာ မရတဲ့အခါ သူတို့စိတ်တိုင်းကျ မဖြစ်တဲ့အခါ မကျေနပ်ကြောင်းကို ဂျီကျတဲ့ အနေနဲ့ပြသတတ်ပါတယ်…
အဲဒီ အချိန်မှာ ဖေဖေမေမေ ကိုယ်တိုင်က ကလေးကို ကိုယ့်လူကြီးအမြင်နဲ့ မကြည့်မိဖို့လိုပါတယ်…
သူတို့က ဖေဖေမေမေရဲ့ အဆင်မပြေတဲ့ ကိစ္စကို မသိနိုင်ဘူးလေ…
သိနိုင်အောင်လည်း ဉာဏ်ရည် မမြင့်သေးပါဘူး…
ဖေဖေမေမေက ဒီလို အချိန်မျိုးမှာ ရင့်ကျက်ဖို့လိုပါတယ်…
ကလေးကို ဆူပူတာ ရိုက်နှက်လိုက်တာဟာ ခဏတာ အဆင်ပြေကောင်းပြေသွားနိုင်ပေမယ့် ကလေးဆီမှာ စိတ်ဒဏ်ရာ ဝင်သွားနိုင်ပါတယ်။
ပိုဆိုးသွားနိုင်တဲ့ အချက်က ကလေးက အဲဒီ အသက်အရွယ်မှာ အရမ်းကို သင်ယူနေတဲ့ အချိန်ဆိုတော့ ဆူပူတာ ရိုက်နှက်တာဟာ သဘာဝပဲ ဆိုတဲ့ အတွေးဝင်သွားနိုင်တာပါ…
ဒါဟာ domestic abuse တွေရဲ့ အခြေခံလဲ ဖြစ်သလို ကလေးရဲ့ နောင်တချိန်မှာ ကြမ်းတမ်းလာမယ့် စိတ်အခြေခံလဲ ဖြစ်ပါတယ်…
ကလေးကို ရိုက်တာကို လုံးဝရှောင်ရမှာပါ…ကလေးရှေ့မှာ ရန်ဖြစ်တာကိုလဲ ဖေဖေနဲ့ မေမေက လုံးဝရှောင်ရမှာပါ
ဖြစ်ချင်ရင် ကွယ်ရာမှာဖြစ်ပါ…peace
- stop their action
အရင်ဆုံးကလေးက ဂျီကျနေပြီ…ကိုယ့်ကို ရိုက်မယ်…ကန်မယ်…အရမ်းအော်ဟစ် သောင်းကျန်းနေမယ်…ပထမဆုံးလုပ်ရမှာက သူတို့ရဲ့ ကြိုးစားမှု သင့်အပေါ်ထိရောက်မှု မရှိဘူးလို့ပြသရမှာပါ…
ကြင်နာစွာနဲ့ ပြတ်သားစွာနဲ့ပဲ အဲဒါကို လုပ်ဆောင်ပါ…ဥပမာ…ရိုက်နေတဲ့ ကလေးကို သုူ့လက်တွေကို ကိုယ့်လက်တွေထဲမှာ ချုပ်လိုက်ပြီးတော့ ဖက်ထားတာမျိုး…သူတို့ကြိုးစားမှုတွေ ထိရောက်မှု မရှိတာကို သူတို့ကိုယ်တိုင် မြင်ပါစေ…
ဒီနည်းအတိုင်းကို သူတို့စိတ်လျော့ သွားတဲ့အထိ လုပ်ဆောင်ပေးပါ…ကြင်နာဖို့ကို မမေ့ပါနဲ့…
- go somewhere private
သီးသန့်ဖြစ်မယ့် နေရာကို ကြိုးစားရှာပြီး သွားပါ…လူရှေ့သူရှေ့မှာ ဖြစ်တာဟာ ကိုယ်ကို ဆိုးရွားတဲ့ မိဘဆိုတဲ့ အမြင်ကို ဝင်သွားစေပါတယ်
ကလေးကို သီးသန့်ဖြစ်စေမယ့်နေရာကို ခေါ်သွားပါ…
ချီမပြီးပဲ ဖြစ်ဖြစ်…ဒီတိုင်းလက်ဆွဲ့ ခေါ်သွားတာပဲ ဖြစ်ဖြစ်…ပြီးတော့ နေရာပြောင်းလိုက်တာဟာ ကလေးရဲ့ အပြုအမူကို အားအနည်းငယ်လျော့စေပါတယ်
သူတို့ထိန်းချုပ်ရလဲ လွယ်စေပါတယ်။
- tell them use their words
နဲနဲကြီးတဲ့ ၃နှစ်နီးပါး ကလေးတွေ နားလည်တဲ့ အရွယ်ရောက်နေပြီဆို သူတို့ကို လိုချင်တာကို စကားနဲ့ ပြောဖို့ပြောပါ။
ဥပမာ…မီးမီး ဘာလိုချင်လို့လဲ.ဖြစ်ချင်တာပြော…မအော်ရဘူး…သူများကို လျောက်မရိုက်ရဘူး…
အဲလို ပြောတဲ့အခါမှာ ကိုယ်ကစိတ်ကိုထိန်းပါ…စိတ်ဆိုးဒေါသထွက်နေရင်တောင် စိတ်ဆိုးသံ ဒေါသသံ မပါစေပါနဲ့…
ဒါပေမယ့် ပြတ်ပြတ်သားသား တည်ငြိမ်စွာပြောပါ…သူတို့က ကိုယ့်အပေါ် လွမ်းမို့လို့မရမှန်းသိပါစေ…
နောက်တခုက ကလေးက လုံးတည်ငြိမ်သွားပြီ…အဆင်ပြေသွားပြီ…သူလိုချင်တာလဲ ဖြစ်သွားပြီဆို သူ့ကို နားချ ပါ။ကိစ္စ ပြီးပြီးချင်း ၁ နာရီခွဲလောက် အတွင်းဆို အကောင်းဆုံးပါ…
မီးမီး… အဲလိုမျိုး မလုပ်ရဘူး…မီးမီး လုပ်ချင်တာကို မေမေ့ကို ပြော…လုပ်နိုင်တာဆို မေမေလုပ်ပေးမှာပေါ့…မအော်ရဘူး…မဆူရဘူး…ဟုတ်ပြီနော်..
ကြင်နာမှုပါပါစေ…သူတို့လေးတွေ ငယ်သေးလို့ သေချာနားမလည်ရင်တောင်မှ သူတို့ဟာ ခံစားချက် (emotion) ကိုတော့ သေချာခံစားတတ်ပါတယ်…
ဒီလောက်ဆို ကွီးတို့မွီးတို့ အခြေခံလေးတွေ သတိထားမိမှာပါ…
တကယ်တော့ ကလေးငယ်ရွယ်တုန်း အဲလို အချိန်တွေဟာ အရမ်းကို အရေးကြီးတာပါ…
ကလေးတယောက်ကြီးလာရင်သူဘယ်လိုလူမျိုး ဖြစ်လာမလဲဆိုတာ သူငယ်ရွယ်တုန်းဖြတ်သန်းလာရတဲ့ ပတ်ဝန်းကျင် အတွေ့အကြုံတွေဟာ အရမ်းကို အဆုံးအဖြတ်ပေးတာပါ…
ပြီးတော့ မိဘဆိုတာ ကလေးလေးတွေရဲ့ ပထမဆုံး heros တွေနဲ့ ပထမဆုံး ဆရာတွေပါ…
သူကို ဘယ်လိုလူမျိုး အဖြစ် ဘဝကို ဖြတ်သန်းစေမယ်ဆိုတာမိဘအတွက်တာဝန် အရမ်းကြီးပါတယ်…
ယဉ်ကျေးပျူဋ္ဌာပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ သူလေးဖြစ်လာမလား…
ကိုယ်ချင်းစာတရား ခေါင်းပါးပြီး ရိုင်းစိုင်းတဲ့ သူဖြစ်လာမလားဆိုတာ လူမှန်းသိစ အရွယ်ထဲက ဘဝအတွေ့ အကြုံ စိတ်ဒဏ်ရာတွေ အပေါ်မူတည်ပါတယ်…
ကိုယ်က သိရက်နဲ့ ဖြစ်စေ သတိမမူမိလို့ပဲ ဖြစ်စေ သူတို့အပေါ် ဒဏ်သွားမပေးမိဖို့ပဲ လိုတာပါ…
တကယ်တော့ ဘဝကို ပျော်ရွင်အောင် ဖြတ်သန်းနိုင်တဲ့ ကလေးတယောက်ကို ပြုစုပျိုးထောင်ပေးရတာဟာ မိဘတယောက်ရဲ့ ဘဝမှာ ဂုဏ်အယူရဆုံးနဲ့ အခက်ခဲဆုံး အလုပ်တခုပါဗျာ…
ကွီးတို့ မွီးတို့ အကုန် သားသားမီးမီးလေးတွေနဲ့ ပျော်ရွင်နိုင်ကြပါစေဗျား…
နောက်တခေါက်ကျရင်တော့ ကလေးတွေ ဂျီတိုက်တာ သက်သာအောင် ဘယ်လိုလေးတွေ လုပ်ဆောင်သင့်တယ်ဆိုတာလေးတွေ တင်ပေးပါ့မယ်ဗျ…