စိတ်ကြွဆေးများ မူးယစ်စေတတ်သောဆေးဝါးများသုံးစွဲခြင်းဟာဦးနှောက်နဲ့အာရုံေကြာကိုဘယ်လိုသက်ရောင်မှုတွေရှိသလဲ?
ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)
လူ၏ခန္ဓာကိုယ်တွင် ဦးနှောက်သည် အရေးကြီးသောလုပ်ဆောင်ချက်များဖြစ်သည့်အသက်ရှူခြင်း၊ လှုပ်ရှားသွားလာခြင်း၊ အနံံ့ခံခြင်း၊ တွေးတောခြင်းများတွင်ပါဝင်လုပ်ဆောင်လျက်ရှိသည်။
ထို့အပြင် နှလုံးခုန်နှုန်းကိုထိန်းချုပ်ခြင်း၊ ဟော်မုန်းထိန်းညှိခြင်း၊ အစာခြေဖျက်ခြင်း၊ စိတ်ခံစားချက်များကိုလည်း ထိန်းညှိလုပ်ဆောင်ပေးသည်။
ဦးနှောက်နဲ့အာရုံကြောကိုသက်ရောက်စေသောဆေးဝါးတွေကတော့
- အရက်(alcohol)
- ကိုကင်း
- အမ်ဖက်တမင်း(Amphetamine)
- ဆေးခြောက်
- နီကိုတင်း(nicotine) ပါသောအရာများ
- အိပ်ဆေးများ
ပါဝင်ပါတယ်။
ယာယီသက်ရောက်မှုတွေကဘာတွေဖြစ်မလဲ။
- ဆေးခြောက်သုံးစွဲလျှင် နှလုံးခုန်နှုန်းမြန်ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ အာရုံစူးစိုက်၍မရခြင်းများဖြစ်စေနိုင်သည်။
- စိတ်ကြွဆေးတွေမှာတော့ စကားသာမန်ထက်ပိုပြောလာခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊
- ကိုယ်အပူချိန်တက်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းများ
ဖြစ်စေနိုင်သည်။
အလွန်အကြွံသုံးစွဲမိလျှင်ဘာတွေဖြစ်နိုင်သလဲ။
- ဆေးဝါးများအလွန်အကြွံသုံးစွဲမိရင်တော့ နှလုံးခုန်နှေးခြင်း
- အသက်ရှူနှေးလာခြင်းမှစ၍နောက်ဆုံး အသက်ရှူရပ်ခြင်း
- နှလုံးခုန်ရပ်ပြီးသေဆုံးသည်အထိ
ဖြစ်နိုင်ပါသည်။
ရေရှည်သုံးစွဲနေရင်ကောဘာတွေဖြစ်နိုသ်သလဲ။
- အလုပ်အပေါ်စိတ်ဝင်စားမှုနည်းလာခြင်း
- မှတ်ဉာဏ်ချို့ယွင်းလာခြင်း
- ခုခံအားနည်းပြီးရောဂါပိုးအလွယ်တကူဝင်နိုင်ခြင်း
- နာဗ့်ကြောများ သွေးကြောများပျက်စီးခြင်း
- သွေးခဲပိတ်ခြင်း
- မသုံးစွဲရမနေနိုင်ဖြစ်ခြင်း များ
ဖြစ်လာနိုင်ပါသည်။
ဆေးဝါးကိုစွဲလန်းခြင်းသည် ဆေးဖြတ်ကာ ကုသ၍ရသော အရာဖြစ်ပါသည်။ ထို့ကြောင့် စိတ်ကြွဆေးဝါးများသုံးစွဲခြင်းကိုရှောင်ရှားကြရန်နှင့် သုံးစွဲမိပါက အချိန်မီဖြတ်နိုင်ရန်အရေးကြီးပါသည်။

Name | Dr. Kyi Lei Hnin |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ |
Topic |
|
Address | Parami General Hospital |