ဆီးကျိတ်ကြီးခြင်း
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း
အမျိူးသားအများစု အသက်၅၀ ကျော်လာသည့်အခါ ဆီးလမ်းကြောင်းကိုပတ်ထားသော ဆီးကျိတ် ကြီးလာသည့်အခါ ဆီးသွားရာတွင်အခက်အခဲဖြစ်ခြင်းများကိုခံစားလာရတတ်ပါသည်။
ဆီးကျိတ်ကြီးလာသည့်အခါ ဆီးလမ်းကြောင်းနှင့် ဆီးအိမ်ကို ဖိထားသည့်အတွက် ဆီးပေါက်ရခက်ခဲခြင်း ၊ ဆီးခဏခဏသွားခြင်း ၊ ဆီးကျန်သည်ဟုခံစားရခြင်း စသည်တို့ခံစားရတတ်ပါသည်။
ဆီးကျိတ်ကြီးရသည့်အကြောင်းအရင်းမှာ
အသက်အရွယ်ကြီးလာ၍ ဟော်မုန်းအပြောင်းအလဲများလာပြီး ဆီးကျိတ်ကိုကြီးလာစေတတ်သည်ဟု ယူဆပါသည်။
ဆီးသွားရာတွင်အထက်ပါလက္ခဏာများခံစားရလျှင်
- ဆီးကျိတ်ရှိမရှိ ဆီးစစ်ခြင်း၊
- စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊
စသည်ကိုပြုလုပ်ရန်လိုအပ်ပါသည်။
ဆီးကြိတ်ကုသရာတွင် မိမိ၏ဆီးကြိတ် အခြေအနေပေါ်မူတည်၍ကုသရပါသည်။ အမြဲပုံမှန်လည်း စစ်ဆေးဖို့လိုအပ်ပါသည်။
- အရက် ကော်ဖီ လျော့သောက်ခြင်း
- အချိုများလျော့စားခြင်း
- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
- လိုအပ်ပါက ဆေးသောက်ခြင်း၊
- ဆေးနှင့်မသက်သာပါက ဆီးကြိတ်ခြစ်ခြင်း
စသည်တို့ပြုလုပ်ဖို့ လိုအပ်နိုင်ပါသည်။
ဆီးကြိတ်ဖြစ်လို့ဘာတွေဖြစ်နိုင်သလည်း?
- ဆီးပိုးဝင်ခြင်း
- ဆီးကျန်ခြင်း
- ရုတ်တရတ် ဆီးသွားမရခြင်း
- ဆီးစပ်အလွန်ကိုက်ခြင်း
- ဆီးအိမ်တင်းနေခြင်း
များရှိလျှင် နီးစပ်ရာဆေးရုံဆေးခန်း သွားဖို့ လိုအပ်ပါသည်။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |