ဆီးကြိတ်ကင်ဆာဆိုတာဘာလဲ
ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း
ဆီးကြိတ်ကင်ဆာဆိုတာ အမျိုးသားများတွင်သာရှိ သောဆီးကြိတ်တွင်ဖြစ်သောကင်ဆာတစ်မျိုးဖြစ်သည်။ ဆီးကြိတ်ကင်ဆာသည် အသက် (၅၀)နှစ်နှင့်(၅၀)နှစ်အထက်ရှိသောအမျိုးသားများတွင်အများဆုံးတွေ့ရသည်။
အသက်(၅၀)နှစ်အောက်အမျိုးသားများတွင်ဖြစ်လေ့သိပ်မရှိပေ။
ဆီးကြိတ်ကင်ဆာ၏ရောဂါလက္ခဏာများ
ဆီးကြိတ်ကင်ဆာသမားများသည် များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်ပေ Medical Check Up လုပ်ကြည့်မှမတော်တစ်စ တွေ့ရတတ်ပါသည်။
ရောဂါလက္ခဏာတစ်ချို့မှာ
၁။ ဆီးသွားလျှင် ဆီးကျန်သည်ဟုခံစားရခြင်း
၂။ ဆီးသွားရတာ ခက်ခဲခြင်း
၃။ ခါးနာခြင်း
၄။ ဆီးထဲသွေးပါခြင်း
၅။ ပန်းသေပန်းညိုးဖြစ်ခြင်း
ဆီးကြိတ်ကင်ဆာ၏ရောဂါလက္ခဏာများသည် ကင်ဆာမဟုတ်သောဆီးကြိတ်ကြီးခြင်း(Benign Prostatic Hyperplasia)၏ရောဂါလက္ခဏာများနှင့်ဆင်တူပါသည်။
ဆီးကြိတ်ကင်ဆာသည်ရောဂါလက္ခဏာမပြသောကြောင့် တစ်ခါတစ်လေ ခန္ဓာကိုယ်တခြားနေရာများသို့ကင်ဆာဆဲလ်များပြန့်ပွားနေတော့မှ ကင်ဆာဟုစသိနိုင်ပေသည်။
ကင်ဆာဆဲလ်အများဆုံးပြန်သည့်နေရာကတော့ အရိုးဖြစ်ပေသည် ထို့ကြောင့် တစ်ခါတစ်လေ အရိုးနာခြင်း ခါးနာခြင်းလက္ခဏာများဖြစ်တတ်ပါသည်။
ဆီးကြိတ်ကင်ဆာဖြစ်စေသောအကြောင်းအရင်းများ
ဆီးကြိတ်ကင်ဆာဖြစ်စေသောအကြောင်းအရင်းကို အခုချိန်ထိ တိတိကျကျရှာမတွေ့သေးပါ။ သို့သော် ဆီးကြိတ်ကင်ဆာပိုဖြစ်နိုင်သော အကြောင်းအရင်းများရှိပါသည် အဲ့ဒါတွေကတော့
၁။ အသက်ကြီးသောသူများ
၂။ အဝလွန်သောသူများ
၃။ ဆီးကြိတ်ကင်ဆာမျိုးရိုးရှိသောသူများ
၄။ဆေးလိပ်သောက်သုံးသူ
ဆီးကြိတ်ကင်ဆာမှန်းစောစောသိအောင်ဘယ်လိုလုပ်မလဲ
အထက်ပါရောဂါလက္ခဏာများခံစားရပါက ဆရာဝန်နှင့်အမြန်ဆုံးပြသပါ။ အသက် ၆၅နှစ်အထက်ရှိသောသူများ ကင်ဆာမျိုးရိုးရှိသောသူများသည် ကျန်းမားရေးစစ်ဆေးမှုများ(Medical Checkup)ပုံမှန်ပြုလုပ်သင့်ပါသည်။
ကင်ဆာအဆင့်သတ်မှတ်ချက်
ဆီးကြိတ်ကင်ဆာတွင် ယေဘုယျအားဖြစ် အဆင့် ၁ အဆင့် ၂ အဆင့် ၃ အဆင့် ၄ ဆို၍ အဆင့်၄ဆင့်ရှိပါသည်။
ကုသသောနည်းလမ်းများ
၁။ ခွဲစိတ်ကုသခြင်း
၂။ ဓာတ်ရောင်ခြည်နှင့်ကုသခြင်း
၃။ ဟိုမုန်းဆေးဖြစ်ကုသခြင်း
၄။ ကင်ဆာဆေးသွင်းကုသခြင်း အစရှိသဖြင့်ရှိပါသည်။
ဆီးကြိတ်ကင်ဆာမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ
ယခုချိန်ထိလေ့လာတွေ့ရှိချက်များအရ အဝလွန်တော်အမျိုးသားများသည် ကင်ဆာပိုဖြစ်တတ်ပါသည်။ တချို့တွေ့ရှိချက်များအရ Calcium ကြွယ်ဝသောအစားစာများသည်လည်း ကင်ဆာပိုဖြစ်တတ်သည်ကိုတွေ့ရှိရပါသည်။
ထိုကြောင့် အဆီနည်းသောအစားစာများစားသုံးခြင်း
လေ့ကျင့်ခန်းနေ့တိုင်းပုံမှန်လုပ်ခြင်း ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝသောအစားစာများ အသီးနှံများစားသုံးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။

ဒေါက်တာ စိုးမြင့်ဝင်း
M.B.B.S (YGN)
Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
- အထွေထွေကျန်းမာရေးဆိုင်ရာ
- ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
- မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
- ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
- ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
- အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
- အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
- အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။
Parami General Hospital, Yangon