ဆီးပိုးဝင်ခြင်း အကြောင်း သိကောင်းစရာ

ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး၂)

ကျောက်ကပ်၊ဆီးအိမ် နှင့် ဆီးလမ်းကြောင်း တစ်လျှောက် ပိုးဝင်ခြင်းကို ဆီးပိုးဝင်ခြင်းလို့ခေါ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးပိုးဝင်နှုန်း ပိုမြင့်ပါတယ်။

ဆီးပိုးဝင်ခြင်းဖြစိစေသော အကြောင်းအရာများ

  • တကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း
  • ကြပ်တည်းသော အတွင်းခံများ အချိန်ကြာမြင့်စွာ ဝတ်ဆင်ခြင်း
  • အဝတ်အစားများကို မီးပူမတိုက် မလျှော် မဖွပ် ပဲ ဝတ်ခြင်း
  • အမျိုးသမီးသန့်စင်ဆေးရည်များကို လို အပ်သည်ထက်ပို သုံးစွဲခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပါတယ်။

ဆီးပိုးဝင်နိုင်ခြေ များသောအခြေအနေများ (Risk factor)
အမျိုးသမီးတွေဟာ အမျိုးသားများ ထက်ဆီးပိုးဝင်နိုင်ခြေ ပိုများစေတဲ့ အဓိက အချက်တွေကတော့

  • အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် တိုခြင်း
  • Diaphragm ကဲ့သို့ကိုယ်ဝန်တားပစ္စည်းမှားသုံးခြင်း
  • သွေးဆုံးပြီးချိန် oestrogen ဟော်မုန်း လျော့နည်းလာခြင်း တို့ကြောင့် ဖြစ်ကြတယ်။

2) မွေးရာပါ ဆီးလမ်းကြောင်းပုံမှန် မဟုတ်ခြင်း
3) ဆီးလမ်းကြောင်း တွင်ကျောက်တည်ခြင်း
4) ဆိးကျိတ်ရောဂါရှိသူများ
5) ဆီးပိုက် အချိန်ကြာမြှင့်စွာ ထည့်ထားရသူများ
6) ဆီးလမ်းကြောင်းခွဲစိတ်မှုပြုလုပ်ထားသူများ
7) ဆီးချိုရောဂါရှိသူများ နှင့်ကိုယ်ခံအားကျဆင်းစေသော ရောဂါ အခံရှိသူများ တို့ပဲ ဖြစ်ပါတယ်။

ဆီးပိုးဝင်ခြင်း၏ ရောဂါလက္ခဏာများ

  • ဆီးကျဉ်ခြင်း၊ဆီးပူခြင်း
  • ဆီးခဏခဏ သွားချင်သလို ဖြစ်ခြင်း
  • ဆီး အနည်ပါခြင်း
  • ဆီးအရောင်ရင့်ခြင်း(လက်ဖက်ရည်ကြမ်းအရောင်၊ကိုကာကိုလာ အရောင်) -သွေးပါခြင်းလက္ခဏာ
  • ဆီးအနံ့ နံခြင်း
  • အမျိုးသမီးများတွင်တင်ပါဆုံ ဝန်းကျင် အောင့်ခြင်း
  • အဖျားကြီးခြင်းနှင့် ချမ်းတုန်ခြင်း
  • ပျို့အန်ခြင်း
  • အဖြူဆင်းခြင်း

ဆီးပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
ဆီးပိုးရောဂါ ဖြစ်ဖြစ်ချင်းကုပါက နောကိဆက်တွဲဆိုးကျိုးဖြစ်နိုင် ခြေနည်းပါတယ်။သို့သော် မကုသပါက

1) ခဏခဏ ဆီးပိုးဝင်ခြင်း
အမျိုးသမီးတွေမှာ မကုသပဲ ထားပါက ၆လတစ်ကြိမ် (သို့) ၁နှစ်အတွင်း ၄ကြိမ် နှင့်အထပ် ရောဂါ လက္ခဏာ ပေါ်လာတတ်ပါတယ်။

2) ကျောက်ကပ် ပျက်စီးခြင်း

3) ကိုယ်ဝန်ဆောင် အမျိုးသမီးများရောဂါကိုအချိန်မှီ မကုသပါက နေ့မစေ့၊လမစေ့မွေးခြင်း နှင့် ပေါင်မပြည့်သောခလေး မွေးခြင်း

4) ပိုးဆိပ်တက်ခြင်း တို့ဖြစ်နိုင်ပါတယ်။

ဆီးပိုးမဝင်အောင် လိုက်နာရမည့် အချက်များကတော့

  • ဆီးသွားလျှင် ဆီးဝသည်ဟု သေချာသည်အထိ သွားပါ။ အလျင်မလိုပါနှင့်။
  • အညစ်အကြေး သန့်ရှင်းချိန်တွင် စက္ကူကို အရှေ့မှ အနောက်သို့ ဦးတည်ချက် တခုတည်းကိုသာ သုတ်ပါ။ နောက်မှ အရှေ့သို့ မသုတ်ရပါ။ အရှေ့အနောက် ဆွဲပြီးလဲ မသုတ်ရပါ။
  • ရေများများသောက်ပါ။
  • အမျိုးသမီး သန့်စင်ဆေးရည်၊ကိုယ်တိုက်ဆပ်ပြာ၊တခြား အမွေးနံ့သာ ပါသော သန့်စင်ရည်တို့နဲ့ သန့်ရှင်းခြင်းရှောင်ပါ။ ဖြစ်နိုင်လျှင်ရိုးရိုးရေသာ သုံးပါ။
  • လိင်မဆက်ဆံခင် မိမိ အင်္ဂါကို သန့်ရှင်းရေး လုပ်ပါ။
  • လိင်ဆက်ဆံ ပြီးပြီးချင်းပိုးများ ဆီးလမ်းကြောင်းထဲ မဝင်စေရန် ရူးပေါက်ပေးပါ။
  • ချည်သားအတွင်းခံ၊တအားမကြပ်သော အတွင်းခံများကိုသာ ဝတ်ဆင်ပါ။

Reference : Mayo clinic / WebMD

Name ဒေါက်တာ သဇင်ထက်(ဆေး- ၂)
Degrees M.B.,B.S (ygn)
Biography

အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။

ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Topic
  • အထွေထွေကျန်းမာရေးပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာ
  • မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုစီမံကိန်း
  • သားဆက်ခြားခြင်းနှင့်ပတ်သက်သော အသိပညာများ
    • စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Parami General Hospital, Yangon.
en_US