ဆီးပိုးဝင်ခြင်း
ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း
ဆီးပိုးဝင်ခြင်းဆိုတာ ဆီးနဲ့ကျောက်ကပ်လမ်းကြောင်း တစ်လျောက် ပိုးဝင်ခြင်းကိုခေါ်ပါတယ်။ ဆီးလမ်းကြောင်းကို ဝင်တဲ့ပိုးအမျိူးမျိူးရှိပေမယ့် e.coliလို့ခေါ်တဲ့ပိုးလေးကြောင့်အဖြစ်အများဆုံးပါတဲ့။
ဘယ်လိုအခြေအနေတွေမှာ ဆီးပိုးပို ဝင်နိုင်ခြေများပါသလည်း?
- ဆီးလမ်းကြောင်းပုံစံမမှန်တာမျိူး
- ဆီးကြိတ်ရှိလို့ ဆီးကျန်တဲ့လူတွေ
- ဆီးချိုရှိသူတွေ
- ဆီးပိုက်ထည့်ထားရတဲ့လူတွေ
- ကိုယ်ဝန်ဆောင်မိခင်တွေ
- ကိုယ်ခံအားနည်းတဲ့လူတွေ
- လိင်ဆက်ဆံတဲ့လူတွေ
- ဆီးကျောက်ရှိသူတွေ
ဘယ်လိုလက္ခဏာမျိူးတွေပြလေ့ရှိပါသလည်း?
- ဆီးခဏခဏသွားတာ
- ဆီးပေါက်ရင် အောင့်တာ ကျင်တာ
- ဆီးနည်းနည်းနဲ့ခဏခဏသွားတာ
- ဆီးထဲမှာသွေးပါတာ
- ဆီးအရောင်နောက်တာ
- ပုံမှန်ထက်ဆီးအနံ့နံခြင်း
- ဆီးမအောင့်နိုင်ခြင်း
- ဆီးမထိန်းနိုင်ခြင်း
- ခါးနာဆီးစပ်ကိုက်ခြင်း
- ချမ်းတုန်ဖျားခြင်း
- ပျို့အန်မအီမသာဖြစ်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
ဒီလိုမျိူးတွေဖြစ်လာပြီဆိုရင်တော့
ဆီးစစ်ခြင်း ဆီးထဲကအကောင်ရှာခြင်း စတဲ့လိုအပ်တဲ့စမ်းသပ်မှုတွေပြုလုပ်ပြီး ကုသမှုခံယူရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဝင်တဲ့ပိုးအပေါ်မူတည်ပြီးသေချာ ကုသရမှာဖြစ်ပါတယ်။ မဟုတ်ရင် ဆီးပိုးဝင်ရာကနေ ကျောက်ကပ်ပါထိခိုက်နိုင်ပါတယ်။
ရှောင်ရန် ဆောင်ရန်
- ဆီးပိုးတဲ့အခါ ကုသမှုပြီးဆုံး ပျောက်ကင်းချိန်အထိ အတူနေခြင်းကိုလည်း ရှောင်ရှားရမည်ဖြစ်ပါသည်။
- ဆီးပေါက်တဲ့အခါ သန့်ရှင်းရေးကို အနောက်မှအရှေ့သို့ သန့်ရှင်းပေးဖို့လိုပါတယ်။
- ရေများများသောက်ပါ
- ရေစိမ်တာမျိူးရှောင်ပါ
- အဝတ်အစားအတွင်းခံချောင်ချောင်ချိချိဝတ်ပါ။
- ဆီးမအောင့်ထားပါနဲ့။
- ဆီးအကုန်ပေါက်ပါ။
ဆီးပေါက်တဲ့အခါ သွေးတွေပါတာမျိူး ၊ ခါးအရမ်းကိုက်တာမျိူး ၊ ချမ်းတုန်ဖျားတာမျိူးရှိရင်တော့ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

Name | ဒေါက်တာ ခင်ဆွေသန်း (M.B.B.S) |
---|---|
Degrees | M.B.,B.S (ygn) |
Biography |
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ |
Address | Parami General Hospital, Yangon |