ဆီးမထိန်းနိုင်ခြင်း ရောဂါလက္ခာ အကြောင်း
ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး၂)
ဆီးမထိန်းနိုင်ခြင်း ဆိုသည်မှာ ရောဂါ တခု မဟုတ်ပါ။ ရောဂါ တခုခုကြောင့်သော်လည်းကောင်း၊ အကြောင်းအရာတခုခုကြောင့်သော်လည်းကောင်း ဖြစ်တတ်တဲ့ လက္ခဏာ တခုသာဖြစ်ပါတယ်။
ဆီးမထိန်းနိုင်ခြင်း ဖြစ်နိုင်သောသူများ (Risk factor)
- အသက်အရွယ်ကြီးသူများ
- အဝလွန်သူများ
- ဆေးလိပ်သောက်သူများ
- မျိုးရိုးထဲတွင် ဆီးမထိန်းနိုင်သူရှိသူများ
- ဆီးဆေးပါသော ဆေးများသာက်သုံးနေရသူများ ။
- ဆီးမထိန်းနိုင်ခြင်းကို
- ခဏတာ ဆီးမထိန်းနိုင်ခြင်း နှင့်
- အမြဲတမ်း ဆီးမထိန်းနိုင်ခြင်းဆိုပြီး ခွဲထားပါတယ်။
1) ခဏတာ ဆီးမထိန်းနိုင်ခြင်း(temporary urinary incontinence)
မိမိ စားသောက်သော အစားအစာ တချို့နှင့် ၊ဆေးဝါးများ ကြောင့် ခဏတာ ဆီးမထိန်းနိုင်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။
၎င်းတို့မှာ-
- ကဖင်းဓာတ်ပါသော ကော်ဖီ အအေးများ
- အရက်
- Gas ပါသော အအေးများ
- ချော့ကလက်
- အစပ်၊အချိုနှင့် အချဉ်ဓာတ်ပါသော အစားအသောက်များ
- ဆေးဝါးတချို့
- Vitamin C ပမာဏ များစွာပါဝင်သောဆေးများ တို့ဖြစ်ပါတယ်။
- ဒါ့အပြင် ဆီးပိုးဝင်ခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ကြောင့်လဲ ဆီး မထိန်းနိုင်ခြင်း ဖြစ်ပေါ်တတ်ပါတယ်။
2) အမြဲတမ်း ဆီးမထိန်းနိုင်ခြင်း
တချို့အကြောင်းအရာတွေကြောင့် ဘဝတစ်လျှောက်လုံး ဆီးမထိန်းနိုင်ခြင်း ဖြစ်သွားတတ်ပါတယ်။
ထိုအကြောင်း အရာများမှာ
1) ကိုယ်ဝန်ဆောင်ချိန်
ဟော်မုန်းအပြောင်းအလဲ ကြောင့်နှင့် ခလေး အလေးချိန်ကြောင့် ဆီးလမ်းကြောင်း ကြွက်သားတွေ လျော့ နည်းလာပြီး ဆီးမထိန်းနိုင်ဖြစ်တတ်ပါတယ်။
2) ခလေးမွေးပြီးနောက်ပိုင်း ဆီးလမ်းကြောင်းကြွက်သား အားနည်းလာ၍ ဖြစ်စေ ဆီးအိမ် နာပ်ကြောများ ထိခိုက်မိ၍ဖြစ်စေ ဆီးမထိန်းနိုင်ဖြစ်တတ်ပါတယ်။
3) သွေးဆုံးပြီးချိန်
4) သားအိမ်ထုတ်ထားသူများ
5) ဆီးကျိတ်ကြီးသူများ
6) ဆီးကျိတ်ကင်ဆာ
7) ဆီးကျောက်တည်ခြင်း
8) ဦးနှောက် အာရုံကြော ဆိုင်ရာ ရောဂါ အစရှိသည်တို့ကြောင့်ဖြစ်ပါတယ်။
ဆီးမထိန်းနိုင်ခြင်း လက္ခဏာများ
- ချောင်းဆိုး ၊နှာစီးခြင်းကြောင့် ဆီးထွက်ကျခြင်း (stress incontinence)
- အိမ်သာသွားစဉ် လမ်းတွင် မထိန်းနိုင်ပဲ ထွက်ကျခြင်း (urge incontinence)
- ဆီးသွားနေစဉ် မရပ်တော့ပဲ တစက်စက် ထွက်ကျခြင်း (overflow incontinence)
- ဆီးခဏခဏ သွားချင်နေခြင်း
- ဆီးတကယ် သွားချင်တာမျိုး မဟြတ်ပဲ ဆီးသွားချင်နေတယ်လို့ စိတ်ထဲ ထင်နေခြင်း တို့ဖြစ်ပါတယ်။
- နောက်ဆက်တွဲဆိုးကျိုးများ
- ခဏခဏ ဆီးသွားနေရသောကြောင့် အရေပြား ပိုးဝင်ခြင်း
- ဆီးပိုးခဏခဏဝင်ခြင်း
- ဆီးမထိန်းနိုင်ခြင်း ၊ ဆီးခဏခဏ သွား ချင်နေခြင်းကြောင့်တနေ့တာ လုပ်ငန်းဆောင်တာများပျက်စီးခြင်း တို့ဖြစ်ပါတယ်။
- ဆီးမထိန်းနိုင်ခြင်းကို ကာကွယ်ရန်
- ဆေးလိပ်သောက်ခြင်းရှောင်ကြဉ်ပါ။
- အဝမလွန်အောင်ထိန်းသိမ်းပါ။
- ဆီးလမ်းကြောင်းကြွက်သားတောင့်တင်းစေမဲ့ လေ့ကျင့်ခန်းလုပ်ပါ။
- ကဖင်းဓာတ်ပါသောအစားအသောက်များရှောင်ပါ။
အချုပ်အားဖြင့်ဆိုရလျှင် ဆီးမထိန်းနိုင်ခြင်းသည် ခဏတာ ဆိုလျှင် ပြဿနာ မရှိသော်လည်းနေ့စဉ် လုပ်ငန်းဆောင်တာများကို နှောင့်ယှက်လာပါက ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်ပါတယ်။
Reference: www.mayoclinic.org

Name | ဒေါက်တာ သဇင်ထက်(ဆေး- ၂) |
---|---|
Degrees | M.B.,B.S (ygn) |
Biography | အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။ |
Topic |
စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Parami General Hospital, Yangon. |