ဖေဖေမေမေတို့ရေ…

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ ကလေးတွေမှာအဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်နော်။

ဒီရောဂါဖြစ်ရင် ဘေဘီလေးတွေ မလန်းတော့ပဲ စိတ်ညစ်မယ်၊ ဂျီကျမယ်၊ မိဘတွေလဲ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရတာပေါ့နော်။

အခန့်မသင့်ရင် ကလေးလေးရဲ့ နုနယ်တဲ့ကျောက်ကပ်လေးတွေ ပျက်စီးစေတဲ့အထိ အန ္တရာယ်ရှိနိုင်ပါသေးတယ်။

အဲ့ဒါကြောင့် ကလေးလေးတွေမှာ ဒီရောဂါမဖြစ်ရအောင်ဘယ်လို ကာကွယ်ကြမလဲ?

ဖြစ်လာခဲ့ရင်လဲ ကျွမ်းကျင်ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ဘယ်လိုကုသရမလဲဆိုတာကို မိဘများအနေနဲ့ သိရှိထားဖို့လိုအပ်ပါတယ်။

ဆီးလမ်းကြောင်းထဲ ပိုးဝင်တဲ့အခါ ကလေးတွေမှာ တွေ့ရှိရတတ်တဲ့ လက္ခဏာတွေကတော့

  • ကိုယ်ပူချိန်တက်ခြင်း
  • သားဝါခြင်း
  • အစားနည်းခြင်း၊ အီ၍ အစာမစားတော့ခြင်း
  • အန်ခြင်း
  • ဆီးအနံ့ အလွန်နံခြင်း
  • ဗိုက်အောင့်ဗိုက်နာခြင်း စသည်တို့ဖြစ်ပါတယ်။

ဒီလို ရောဂါဖြစ်ပွားလာရင်တော့ ကလေးကျန်းမာရေး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ စနစ်တကျတိုင်ပင်ပြီး ထိထိရောက်ရောက်ကုသဖို့ လိုအပ်ပါတယ်။

ဒါမှသာ ဘေဘီလေးတွေရဲ့ နုနယ်တဲ့ကျောက်ကပ်လေးတွေ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်နိုင်မှာပါ။

en_US