ဆီးအရောင်များနှင့်ကျောက်ကပ်ကျန်းမာရေး
ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး၂)
ကျန်းမာရေးကောင်းမွန်ပြီးရေဓာတ်ပြည့်ဝတဲ့ လူတစ်ယောက်ရံ့ ဆီးအရောင်ဟာ အဝါဖျော့ရောင်ဖြစ်ပါတယ်။ရေဓာတ်ခမ်းခြောက်ချိန်၊စားသုံးတဲ့ အစားအသောက် ဆေးဝါးတွေပေါ်မူတည်ပြီး ဆီး အရောင် ပြောင်းလဲ တတ်ပါတယ်။
ဒါ့အပြင် တချို့ ဆီးအရောင်တွေဟာ ကျန်းမာရေးပြဿနာတွေပေါ်မူတည်ပြီး ပြောင်းလဲ တတ်ပါတယ်။
ပုံမှန် လူတစ်ယောက်ဟာ အောက်ပါ အချက်တွေပေါ်မူတည်ပြီး ဆီးအရောင်တွေဟာ ပြောင်းလဲတတ်ပါတယ်။
- ရေသောက်နည်းခြင်း
- ဆေးဝါးများ
- အစားအသောက်များ
- တချို့သော ရောဂါအခြေအနေများ ကြောင့် ဖြစ်ပါတယ်။
တွေ့ရများသော ဆီးအရောင် အမျိုးအစားများ မှာ-
- အကြည်ရောင် (clear)
- အဝါဖျော့ရောင်( light yellow)
- အဝါရင့်ရောင်
- ရေနွေးကြမ်းရောင်
- ကိုကာကိုလာအရောင်
- သွေးအရောင်
- ဆီးထဲ အနည်ပါခြင်း သို့ ဆီးနောက်ခြင်း
- အကြည်ရောင်
ဆီးအရောင် သည် ကြည်နေပါက လူတစိယောက်နေ့စဉ်လို အပ်တဲ့ ပမာဏထက်ရေဓာတ် ပိုနေသည်ဟု အဓိပ္ပာယ်ရပါတယ်။ ရေသောက်ခြင်းသည် ကောင်းသော်လည်း တန်ဆေးလွန်ဘေးဆိုသလို လိုအပ်သည်ထက်ပိုသောက်ပါက ရေအဆိပ်သင့်ခြင်း (water intoxifixation) ဖြစ်ပေါ်တတ်ပါတယ်။
လူတစ်ယောက် အတွက်နေ့စဉ်လိုအပ်သော ရေပမာဏမှာ ပျှမ်းမျှအားဖြင့် ၂လီတာခန့် ဖြစ်ပါတယ်။
အဝါဖျော့ရောင်
ဆီးအရောင်သည် အဝါဖျော့အရောင် ရှိပါက ရေဓာတ်ပြည့်ဝသည်ဟုဆိုလိုပါသည်။နောက်တစ်နည်းအားဖြင့် လူတစ်ယောက်တနေ့တာလိုအပ်သော ရေပမာဏ အပြည့်ရရှိသည်ဟု အဓိပ္ပာယ်ရပါတယ်။
အဝါရင့်ရောင်
ဆီးအရောင်သည် အဝါရင့်ရောင်ရှိပါက ရေဓာတ် ခန်းခြောက်သည်ဟု အဓိပ္ပာယ်ရပါတယ်။ ဒါ့အပြင် vitamin B ပါသော အားဆေးများ၊ တချို့ဆေးဝါးများကြောင့်လဲ ဆီးအရောင်ရင့်တတ်ပါတယ်ဆီးအရောင်ရင့်ခြင်းအပြင် ဝမ်းအရောင်ပါဖျော့လာခြင်း၊အသားဝါခြင်း တို့ပါ ဖြစ်ပေါ်လာပါက အသည်းနှင့် သည်းခြေလမ်းကြောင်းတွင် ပြဿနာများ ရှိသည်ဟု ယူဆလို့ရပါတယ်။
ရေနွေးကြမ်းရောင် ၊ ကိုကာကိုလာအရောင်
ဆီးအရောင်သည် ရေနွေးကြမ်းရောင် သို့မဟုတ် ကိုကာကိုလာ အရောင်ရှိပါက ခန္ဓာကိုယ်တွင်းသွေးနီဥပေါက်ကွဲခြင်း ကြောင့်ဖြစ်နိုင်ပါတယ်။ဥပမာပေးရသော် မွေးရပါ G6PD enzyme ချို့တဲ့သော ခလေး များ မတည့်သော အစားအစာ နှင့်ဆေးဝါးများသောက်သုံးမိပါက သွေးနီဥပေါက်ကွဲပြီး ထိုကဲ့သို့သော ဆီးအရောင် ဖြစ်ပေါ်တတ်ပါတယ်။
ထို့အပြင် မိမိစားသောက် အစားအစာများတွင်ပါဝင်သော ဆိုးဆေးများကြောင့်လဲ ဖြစ်တတ်ပါတယ်။
ဆီးအနီရောင်
ဆီးအနီရောင်သွားပါက ဆီးထဲ သွေးပါခြင်းဖြစ်ပါတယ်။ ဆီးလမ်းကြောင်း၊ကျောက်တည်ခြင်၊ဆီးကျိတ်ကြီးခြင်း၊ဆီးအိမ်ကင်ဆာ၊ကျောက်ကပ်ကင်ဆာတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင်တချို့သောဆေးဝါးများ ဥပမာ TB ဆေး၊ ဆိုးဆေးပါသော အစားသောက်များကြောင့်လဲ ဆီးအရောင်နီတတ်ပါတယ်။
ဆီးအနည်ပါခြင်း
ဆီးထဲတွင်အနည်ပါ ခြင်း အဓိကအကြောင်းရင်းမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ရေဓာတ်ခမ်းခြောက်ပါကလဲ ဆီးထဲ အနည်ပါတတ်ပါတယ်။
Reference: mayoclinic

Name | ဒေါက်တာ သဇင်ထက်(ဆေး- ၂) |
---|---|
Degrees | M.B.,B.S (ygn) |
Biography | အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။ |
Topic |
စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Parami General Hospital, Yangon. |