ဆေးမတိုးမယ့် တို့အနာဂတ် တနည်း ပိုးယဉ်ပါးပြီ တို့မြန်ပြည်

ရေးသားသူ – ဒေါက်တာ ဆုဝေမွန်

ပုံမှန်ဆို Dr ဆုက ခွဲစိတ်ကို ရေးဖို့တာဝန်ယူထားတာဖြစ်လို့ ခွဲစိတ်လေးပဲရေးချင်ပါတယ်။ အခု ခွဲစိတ်လေးနဲ့ဆက်စပ်ပြီး Dr ဆု အရမ်းကို ရေးပြချင်တဲ့ topic လေးတခုကို choice လုပ်ထားတယ်။

ပုံမှန်ပေါ့နော် Dr Hsu တို့ နိုင်ငံမှာ ပုံမှန်ကိုဖြစ်နေတဲ့ အလေ့အထလေးတွေရှိတယ် အထူးသဖြင့်ရာသီတုပ်ကွေးတွေဖြစ်တဲ့အချိန်ပေါ့။

ဥပမာ ငါနေမကောင်းတုန်းက ဒီဆေးလေးသောက်လို့သက်သာသွားတာ နင်လည်းဒါလေးသောက်ပါလားဆိုပြီး အချင်းချင်းလမ်းညွှန်တတ်ကြတယ်။ Dr ဆု ပြောချင်တာ ကျန်တဲ့ဆေးတွေသောက်တာ ဖြတ်တာမပြောပါ။ ပိုးသတ်ဆေးသောက်ခြင်းအကြောင်းကို ရည်ရွယ်ပြီး ဒီ topic ကို ရေးရခြင်းဖြစ်ပါတယ်။

ပိုးဘယ်နှစ်မျိုးရှိလဲပေါ့ ပိုးတွေ အများကြီး အနက် Dr ဆုကတော့ bacteria နဲ့ virus ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ ပိုးသတ်ဆေးအကြောင်းကိုပြောပြချင်တာပါ။

အပြင်မှာ Dr ဆုတို့သောက်နေတဲ့ ပိုးသတ်ဆေးဆိုတာ များသောအားဖြင့် bacteria ကြောင့်ဖြစ်တဲ့ရောဂါတွေ နဲ့ပတ်သက်ပြီး သောက်နေတာတွေများပါတယ်။

Virus ပိုးကြောင့်ဖြစ်တဲ့ရောဂါအများစုမှာတော့ ဆေးသောက်စရာမလ်ုအပ်ပဲ ခန္ဓာကိုယ်ကနေ ခုခံအားစနစ်ထွက်ပြီး သူ့အလိုအလျောက်ပြန်ကောင်းသွားတာက အတွေ့ရပိုများပါတယ်။

ဒီလိုပိုးသတ်ဆေးသောက်သုံးခြင်းမှာ Dr ဆု ပြောပြချင်တာက ဆေးတွေကိုဘယ်လိုသောက်သုံးသင့်တယ် ပိုးသတ်ဆေးတမျိုးဆေးပတ်လည်ပြီး ဆေးနဲ့အနာ တည့်မတည့်ဘယ်လောက်စောင့်ကြည့်သင့်တယ်ဆိုတာလေးပါ။

ဆေးတွေကို Dr ဆုတို့ ညွှန်ကြားချက်အတိုင်း ရက်နဲ့ အကြိမ်အရေအတွက်ကို ပြည့်အောင်သောက်ပေးပါ။

ဥပမာ တနေ့သုံးကြိမ် တစ်ပတ်ပြည့်အောင်သောက်နော်ဆိုရင် တတ်နိုင်သမျှ မပျက်မကွက်သောက်ဖို့လိုအပ်ပါတယ်။

နောက်တခုကတော့ Dr ဆုပြောသလို အနာနဲ့ဆေးတည့်မတည့် အနည်းဆုံး ပိုးသတ်ဆေးသောက်တဲ့ အကြိမ်အရေအတွက် ဘယ်နှစ်ခါလောက်အထိ စောင့်ကြည့်သင့်လဲဆိုတာလေးကို ပြောပြချင်ပါတယ်။

ပိုးသတ်ဆေးကို စသောက်တဲ့ အကြိမ်အရေအတွက် အနည်းဆုံးခြောက်ကြိမ်ပြည့်မှ အာနိသင်အပြည့်အဝရတယ်ဟု အကြမ်းအားဖြင့်ယူဆလို့ရပါတယ်။

ဥပမာ ဆေးတမျိုးကို မနက် ည တစ်နေ့နှစ်ကြိမ် ငါးရက်သောက်ရမယ်ဆိုရင် သုံးရက်မြောက်နေ့တွင် ဆေးကို ခြောက်ကြိမ်သောက်ပြီးဖြစ်နေပါမည်။

ထိုမှသာ ဆေးအာနိသင်အပြည့်အဝပြနိုင်သည်ဟုယူဆပေးပါ ထိုသို့ခြောက်ကြိမ်ရှစ်ကြိမ်လောက်မှ ရောဂါများသက်သာသည်ဟု မခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်ပြန်တိုင်ပင်ပေးပါ။

Dr ဆုတို့ ခွဲစိတ်အနာများတွင်လည်း ပိုးသတ်ဆေးများထိုးခြင်း သောက်ခြင်းပြုလုပ်ရပါသည်။ ဤတွင် ချွင်းချက်မှာ အလုံးအကြိတ်အဖုများကို ပိုးသတ်ဆေးများကြိတ်ချေ၍ အုံခြင်း မန်းခြင်း ဆွခြင်း မပြုလုပ်ရပါ။

Dr ဆုတို့ ညွှန်ကြားထားသလို ပိုးသတ်ဆေးများကို ဆေးပတ်လည်အောင် ဆေးထိုးဆေးသောက်များမပျက်မကွက်ပြုလုပ်မှသာ ခွဲစိတ်နာပိုးဝင်ခြင်းမှ ရှောင်ရှားနိုင်မည် ၊ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Dr ဆုရဲ့ ဒီဆောင်းပါးလေးကိုဖတ်ခြင်းဖြင့် ခွဲစိတ်အနာများတွင်သာမက ကျန်သောရောဂါများတွင်ပါ ပိုးသတ်ဆေးများကို စနစ်တကျ ထိုးသင့်သောက်သင့်လိမ်းသင့်သည်ကို သိရှိပြီး အနာရောဂါများအတတ်နိုင်ဆုံးကင်းရှင်းကြပါစေ။

Name ဒေါက်တာ ဆုဝေမွန်
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
en_US