ဆံပင်တွေ ထပ်မကျွတ်အောင် ဘာတွေလုပ်ရမလဲ

ဆံပင်ဆိုတာကတော့ ကိုယ်တွေလို မိန်းမသားတွေတင်မကဘဲ ၊ အမျိုးသားတွေရော တယုတယ ပြင်ဆင်တတ်တဲ့ အရာတစ်ခုပါ ။ ဆံကေသာရဲ့ ကောင်းခြင်း ဘာညာသာရကာ စတာတွေဟာ ကိုယ်တွေ ငယ်ငယ်ကတည်းက နားရည်ဝနေတဲ့ အရာတစ်ခုပါ ။ ပုံမှန်လူတစ်ယောက်ဟာ တစ်ရက်ကို ဆံပင် အချောင်းတစ်ရာနီးပါးလောက် ကျွတ်တတ်တယ်လို့ဆိုပါတယ်။

ဒီလို ကျွတ်တတ်ပေမယ့် ပြန်လည်ရှင်သန်လာတဲ့ ဆံပင်အသစ်တွေကြောင့် လူတွေကိုယ်တိုင် ဒီလိုဖြစ်ရိုးဖြစ်စဉ် ကို ဂရုမထားမိကြပါဘူး ။ တကယ်လို့ပုံမှန်ထက် ဆံပင်ကျွတ်တာတွေ ၊ဆံပင် မြန်မြန် မပေါက်တာတွေလည်း ဖြစ်လာရော လူတွေက ဆံပင်အရမ်းကျွတ်တယ် ဆိုတဲ့ ပြဿနာကို စာဖွဲ့ပြောလာကြတော့တာပါပဲ။

ဆံပင်ကျွတ်ရခြင်းက အကြောင်းအမျိုးမျိုး ရှိပါတယ်။ ဟော်မုန်းတွေပြောင်းလဲတာ၊ ရောဂါတွေကြောင့် ဆံပင်ကျွတ်တာ ၊ ဓာတ်ကင်ကုထုံးတွေကြောင့် ၊ စတဲ့ အကြောင်းအရာပေါင်းများစွာကြောင့် ဆံပင်ကျွတ်ခြင်းဆိုတဲ့ ပြဿနာကို ကျွန်မတို့တွေရင်ဆိုင်နေရဆဲပါ။ ဆံပင်ကျွတ်တတ်သူတွေ အတွက် အထိရောက်ဆုံးဖြစ်စေတဲ့ အဖြေကတော့ ဘာ့ကြောင့်ဆံပင်တွေကျွတ်ရသလဲဆိုတာကို တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။

ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းကို ကုသနိုင်ဖို့ အိမ်တွင်းကုထုံး တွေ ၊ Rogaine လို ဆံပင်ပြန်လည်သန်စွမ်းမှုကုထုံးတွေ ကို ပြုလုပ်တာတွေ ကို လုပ်နိုင်ပါတယ်။ ဒါ့အပြင် နေထိုင်စားသောက်မှုပုံစံကိုပြောင်းလဲတာ၊ကျန်းမာရေး နဲ့ ညီအောင် နေထိုင်တာ၊ စိတ်ဖိစီးမှုကင်းအောင် နေထိုင်တာတွေက သင့်ကို ဆံပင်တွေထပ်မကျွတ်အောင် အကူအညီပေးနိုင်ပါလိမ့်မယ်ရှင်။

MyanCare Application ကို စမတ်(Smart) ကျကျ အသုံးပြုခြင်းအားဖြင့် ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်လိုက်ပါ။

en_US