ဇာတ်မြစ်မသိပဲ မျက်နှာတစ်ခြမ်းရွဲ့ခြင်း

ရေးသားသူ – Dr.Kyi Lei Hnin(M.B.,B.S.)

ဒီရောဂါမှာတော့ ရုတ်တရက်မျက်နှာကြွက်သားအားနည်းလာပြီး မျက်နှာတစ်ခြမ်းရွဲ့ခြင်းမျိုးဖြစ်သည်။

ဤရောဂါသည် ရက်သတ္တပတ်အနည်းငယ်အတွင်းပုံမှန်အတိုင်းပြန်ကောင်းမွန်လာသည်။

လူအများစုတွင်ယာယီသာဖြစ်လေ့ရှိသည်။ လက္ခဏာသည် အပတ်အနည်းငယ်မှစ၍ပြန်တိုးတက်လာကာ ၆လအကြာတွင်အလုံးစုံပြန်ကောင်းမွန်နိုင်သည်။

ဘယ်လိုလက္ခဏာတွေဖြစ်မလဲ။

  • ရုတ်တရက်မျက်နှာတစ်ခြမ်းကြွက်သားလျော့လာခြင်း
  • မျက်လုံးတစ်ခြမ်းပိတ်ရခက်ခြင်း၊ ပါးစပ်တစ်ခြမ်းရွဲ့ခြင်း
  • ခေါင်းကိုက်ခြင်း
  • အရသာပျောက်ဆုံးခြင်း
  • ဖြစ်သည့်ဘက်တွင်အကြားအာရုံပိုစူးရှခြင်း
  • ဤရောဂါသည်အကြောင်းအရင်းသေချာရှာမရသော်လည်း တချို့သောဗိုင်းရပ်စ်များနှင့်သက်ဆိုင်မှုရှိနိုင်သည်။
  • ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်ဆိုင်ရာပိုးဝင်ထားသူများ၊ ဆီးချိုရောဂါသည်များတွင် ပို၍ဖြစ်ပွားနိုင်သည်။

နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲဆိုတော့

  • သေချာမကုသလျှင်မျက်နှာရွဲ့ခြင်းပြန်မကောင်းလာနိုင်ပါ။
  • မျက်လုံးပိတ်၍မရပဲမျက်လုံခြောက်သွေ့ခြင်းကြောင့် မျက်လုံးကန်းခြင်းများဖြစ်နိုင်သည်။
  • ဤရောဂါသည်လေဖျန်းခြင်း လေဖြတ်ခြင်းနှင့်လည်းမှားယွင်းနိုင်သည်။

ရုတ်တရက်အထက်ပါလက္ခဏာများဖြစ်ပေါ်ပါကနီးစပ်ရာဆေးရုံသို့သွား၍ကုသမှုခံယူသင့်ပါသည်။

Name Dr. Kyi Lei Hnin
Degrees M.B.,B.S (ygn)
Biography 2019 June မှာ Parami hospital, Yin Thway Call Centre မှာ medical officer အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးကျန်းမားရေး၊ အာဟာရပိုင်းဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းနဲ့ပတ်သက်သည်များကိုတိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ ထို့အပြင် Dr.Htein Free Clinic တွင်ပြည်သူလူထုများအခမဲ့ကျန်းမားရေးလုပ်အားပေးကုသမှုများတွင်ပါဝင်ခဲ့ပါသည်။ 2020 Februaryမှစပြီး Apex Asia specialic clinic တွင် အချိန်ပိုင်းဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 2020 July မှစတင်ပြီး Aryu Parla specialist clinic တွင် ဆရာဝန်အဖြစ်ဆေးကုသပေးလျက်ရှိပါသည်။ လူကြီးရောဂါ၊ နာတာရှည်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။
Topic
  • ကလေးကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာများ၊ အာဟာရပိုင်းဆိုင်ရာများ၊ ကျန်းမာရေးနဲ့ပတ်သက်သည်များ
  • လူကြီးများ၏နာတာရှည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးရောဂါများ နှင့် အထွေထွေရောဂါများအကြောင်း
  • သားဖွားမီးယပ်နှင့် မိန်းကလေးများနှင့်ပတ်သက်သည့်ရောဂါများအကြောင်း
  • စသည်တို့ကို ရင်းနှီးစွာ တိုင်ပင်ဆွးနွေးနိုင်ပါသည်။
Address Parami General Hospital
en_US