တုပ်ကွေးနဲ့ ကလေး၊ လက်ဦးမှုယူ ကာကွယ်ပေး

မိုးလယ် ကာလများဟာ အများအားဖြင့် မိုးကြီး ရေကြီး၊ ရေလျှံမှုတွေ ဖြစ်လေ့ရှိပါတယ်။
ရာသီပေါ်တုပ်ကွေးဟာလဲ အဖြစ်များတာမို့ ဆေးရုံ၊ ဆေးခန်းတွေ မှာ ကာကွယ်ဆေး တွေ ကုန်လောက်အောင်ထိ ဖြစ်တတ်ပါတယ်။

ခုရာသီမှာ ကလေးတွေမှာ အဖြစ်အများဆုံးရောဂါက သွေးလွန်တုပ်ကွေးနဲ့ အတူ ဝမ်းပျက် ဝမ်းလျှောရောဂါများလဲ ဖြစ်တတ်ကြပါတယ်။

ခုခါမှာတော့ မေမေတို့ကို အခုလတ်တလော အဖြစ်များတဲ့ ဆင်တုပ်ကွေးအကြောင်းလေးနည်းနည်းရှင်းပြပေးမယ်နော်။

ဆင်တုပ်ကွေးက ခြင်ကနေ ကူးစက်တဲ့ ရောဂါ တစ်မျိူးဖြစ်လို့ သွေးလွန်တုပ်ကွေး နဲ့ ရောဂါ လက္ခဏာ အတော် ကို ဆင်တူလှပြီးတော့ ကလေးငယ်လေးတွေ နဲ့လူကြီးတွေ မှာ အများဆုံး ကူးစက်ခံရတတ်ပါတယ်။

ကလေးငယ် လေးတွေက တော့ ရောဂါ ခံစားနေရနေတာကို မေမေ ဖေဖေ တွေကို ဘယ်ပြောပြနိုင်မလဲပေါ့ နော်။ အဲ့တော့ ဆင်တုပ်ကွေး ရောဂါနဲ့ ပတ်သတ်ပြီး သိထားသင့်တာလေးတွေ ဒီကနေ ပြောပြပေးမယ်နော်။

ဆင်တုပ်ကွေးက ခြင်က ကူးစက်တဲ့ ရောဂါဆိုတော့ သွေးလွန်တုပ်ကွေး လိုဘဲ အဖျားကြီးမယ်၊ ချမ်းတုန်တာ မျိုးတွေရှိမယ်။

ထပ်ပြီး ပြနိုင်တဲ့ လက္ခဏာတွေက ကလေးတွေ ရဲ့ အရေပြားမှာ အနီစက်လေးတွေ ပေါ်လာမယ်။ ပြီး ရင် အရိုးအဆစ်တွေ နာနိုင်ချေရှိလို့ ကလေးတွေကို ချီလိုက်ရင် အကျယ်ကြီးအော်ငို တာမျိုးတွေ ကြုံရနိုင်တယ်။

ဆင်တုပ်ကွေးကို ကာကွယ်လို့ရတဲ့ ကာကွယ်ဆေး မရှိသေးတော့ ကလေးတွေကို ခြင်ကိုက်မခံရအောင် ထားဖို့က အရေးကြီးတယ်နော်။ ခုချိန်က မိုးရာသီ လည်းဖြစ်တော့ ခြင်တွေ အလွယ်တကူ ပေါက်နိုင်တဲ့ ချုံတွေ၊ ရေဆိုးတွေကို ရှင်းထားဖို့လိုပါတယ်။

en_US