တုပ်ကွေးရောဂါ ဖြစ်လာလျှင် သားသားမီးမီး လေးတွေကို ဘယ်လို ပြုစုစောင့်ရှောက်မလည်း ?
- ရေဓာတ်ကို လုံလောက်စွာတိုက်ပေးပါ။(အဖျားကြောင့် ရေဓာတ်ခန်းခြောက် ခြင်းကို ထိန်းပေးပါတယ်)
- အာဟာရ ပြည့်ဝစွာ ကျွေးမွေးရပါမယ်။
- လုံလောက်စွာ အိပ်စက် အနားယူခိုင်းပါ။
ပုံမုန်ချည်ထည်လေးပဲ ဝတ်ဆင်ပေးပါ။
(အဝတ်အစားကို အထူကြီးလည်း မဝတ်ပေးပါနဲ့၊ပါးပါးလေးလည်း မဝတ်ပေးပါနဲ့)
ဆရာဝန် ညွှန်းကြားချက်နဲ့ အညီ ဆေးဝါးများကို တိုက်ကျွေးပေးပါ။
အရေးပေါ် ရောဂါလက္ခဏ(အစားလုံးဝမဝင်ခြင်း၊ အလွန်မှိန်းခြင်း ၊ဝမ်းပျတ်ဝမ်းလျောခြင်း၊ အလွန်အမင်းအန်ခြင်း ၊ဆီးနည်းခြင်း ၊ခြေလက်များ အေးဆက်ခြင်း ၊ အသက်ရှုမြန်ခြင်း)တစ်ခုခု ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်း သို့သွားရောက်ကုသမှု ခံယူပါ။