ဖေဖေမေမေတိုင်းရဲ့ အကြီးမားဆုံး မျှော်လင့်ချက် ကအနာဂတ်မှာ ကိုယ်သားသမီးတွေ ပညာတက်ကြီး ဖြစ်ပြီး နိုင်ငံ အကျိုးပြုနိုင်သော လှပတောက်ပြောင်တဲ့ ဘဝများကို ပိုင်ဆိုင်နိုင် ဖို့ ပါပဲရှင်..

ဒီလို လှပတဲ့ အနာဂတ် တွေပိုင်ဆိုင်နိုင်ဖို့ သားသားမီးမီးတွေ ငယ်စဉ်အရွယ်တည်းက ဂရုစိုက်စောင့်ရှောက်မှု၊ ကောင်းစွာ ပြုစုပျိုးထောင်ပေးမှု နှင့် မှန်ကန်ကောင်းမွန် တဲ့ အာဟာရ ကျွေးမွေးမှုတွေ လိုအပ်ပါတယ် ရှင်…

အာဟာရကျွေးမွေးမှုတွေ နဲ့ ပြုစုစောင့်ရှောက်မှုတွေ အပါအဝင် ကျန်းမာရေး ကိစ္စအားလုံးအတွက် မေးမြန်းတိုင်ပင် စရာ ဆရာဝန် တစ်ယောက် ရှိထားသင့်ပါတယ် ရှင်။

သားသားမီးမီးတွေ ဉာဏ်ရည်ဖွံဖြိုး ပြီးကျန်းမာသန်စွမ်းနေမှ ဖေဖေမေမေ တို့ရဲ့ မျော်လင့်ချက် လေးကို အကောင်အထည်ဖော်ပေးနိုင်မှာပေါ့ ရှင်။

ဒါဆို သားသားမီးမီးတွေ အတွက်ဘယ်လို ဆရာဝန် ထားသင့်လည်း?

  • ကလေးကျွမ်းကျင် ဆရာဝန် ဖြစ်ရမယ်။
  • နေ့၊ည အချိန် မရွေး ၂၄ နာရီ ဆက်သွယ်နိုင်ရမည်။
  • အပေါ်ယံ ယေဘုယျမဟုတ်ပဲ ကလေးအကြောင်းကို အသေးစိတ်သိထားပြီး တိုင်ပင်ပေးနိုင်ရမယ်။
  • ကလေး ရဲ့ ကြီးထွားဖွံ့ဖြိုးမှု မှတ်တမ်း ရှိထားရမည်။
  • ဆရာဝန်ဘက်ကနေလည်း အချိန်မှန် ဆက်သွယ်ပြီး ကျန်းမာရေးအခြေအနေ တိုင်ပင်ဆွေးနွေးပေးနိုင်ရမယ်။
en_US