ဓမ္မတာလာတဲ့အခါ ခံစားရတတ်တဲ့ လက္ခဏာတွေကတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာအမျိုးမျိုးဖြစ်နိုင်ပြီး တခြားကြုံရနိုင်တဲ့လက္ခဏာတွေကတော့ –

ဖောရောင်ခြင်း၊ စိတ်ဆတ်ခြင်း၊ ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားရောင်ခြင်း၊ ဝက်ခြံများပေါက်ခြင်း၊ အစားအစာများချဉ်ခြင်းတက်ခြင်း၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်သောကရောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်မပျော်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်း တို့ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာ တွေခံစားလာရပြီဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။

en_US