နားသီးထွက်ခြင်း အကြောင်းသိကောင်းစရာ (keloid Ear)

မိန်းကလေးများ၊ယနေ့ခေတ် ယောကျာ်းလေးများ သည် အလှအပအတွက် နားကပ်ပန်ရန် နားဖောက်လေ့ရှိကြသည်။
ထိုကဲ့သို့ဖောက်ခြင်းကြောင့် အချို့သော သူများတွင် နားသီးများထွက်လာတတ်ကြသည်။

ထိုနားသီးများသည် စဖြစ်ခါစ အချိန်တွင် သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရွယ်အစားကြီး ကြီးလာတတ်သည်။
အချို့သောလူနာများသည် နားသီး ကြီးလာသဖြင့် ဖြတ်ထုတ်ကုသသော်လည်း နားသီးမှာ တဖန်ပြန်၍ ကြီးလာတတ်သည်ကိုတွေ့ရတတ်သည်။

ထို့ကြောင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် အမာရွတ်ကြီးကြီး ရှိတတ်ပါက နားဖောက်လျှင် နားသီးထွက်နိုင်ချေ ရှိသဖြင့် သတိထားစေချင်ပါသည်။

နားသီးထွက်လာပါကလည်း အရွယ်အစားသေးစဉ်တွင် ကုသမှုခံယူသင့်ပါသည်။

en_US